Unicode..........
ချွမ်__ချွမ်....!
ကိုကြီးရှိန်းရဲ့ အိမ်ထဲကို ဝင်ဖို့ တံခါးဖွင့်လိုက်တာနဲ့ အချက်ပေးသံလေးက လှုပ်ခတ်သွားတယ်။
အိမ်အကျယ်ကြီးက လင်းထိန်နေပေမယ့် တိတ်ဆိတ်နေတာကြောင့် ခ ဧည့်ခန်းထဲကို လှမ်းကြည့်လိုက်မှ ပူစီဖောင်းတွေနဲ့ အလုပ်ရှုပ်နေတဲ့ ဦးကျော်ဦးကို တွေ့လိုက်ရတယ်။"ခ ပဲ ရောက်သေးတာလားမသိဘူး.."
ခရဲ့ အသံခပ်တိုးတိုးကို ဦးကျော်ဦးကြားမှ ပူဖောင်းတွေကြားက မတ်တပ်ရပ်လိုက်ကာ
"ဟေ...အစ်ကိုလေး နေယံခ ရောက်လာပြီလား..?
ဟုတ်တယ်....ဘယ်သူမှတော့မလာသေးဘူး။
စောနေသေးလို့နေမှာပါ"အချိန်အားဖြင့် ည၇နာရီက စောနေသေးမှန်း သိပေမယ့် ခ တမင် စောလာခြင်းဖြစ်သည်။
ကိုကြီးမွေးနေ့မို့လို့ ရှောင်လွဲရန်မလွယ်တဲ့အတွက် ခ စောလာလိုက်ခြင်းဖြစ်သည်။
ကိုကြီးနဲ့မြန်မြန်တွေ့ပြီး အိမ်ပြန်လိုက်ဖို့သာ တွေးထားသည်။"ဦးကျော်ဦး...ကိုကြီးရော..?"
"အော်...သူဌေးက kitchenထဲမှာ...မောင်ရာလွန်းပိုင်နဲ့ ရှိနေတယ်"
ဦးရာနဲ့ နှစ်ယောက်သား အတူရှိနေတယ်ဆိုလို့ ခ ဝင်မသွားဖို့သာ ဆုံဖြတ်လိုက်သည်။
ခ က ကလေးလဲမဟုတ်တော့ အခြေအနေ အရိပ်အကဲကို သိရမည် မဟုတ်လား..?"Cakeက မရသေးဘူးလား...ဧည့်သည်တွေတောင် လာတော့မယ်..ဦးရာ"
ရှိန်းခ နောက်ကနေ ကိတ်အလှဆင်နေတဲ့ ဦးရာကို သိမ်းကျူံးပွေ့ဖက်ရင်း ချွဲလိုက်သည်။
"ဘာလို့ လောနေတာလဲ...ရှိန်း။
ဧည့်သည်က ဘယ်သူတွေ မို့လို့လဲ...မင်းနဲ့ငါရဲ့ မိတ်ဆွေတွေ ချည်းပဲဟာ.."ရှိန်းခ တမင်သက်သက်လိုက်ချွဲ လိုက်ကပ်နေမှန်း သိသည်။
ရုတ်တရက် အနောက်ဘက်ကနေ ရှိန်းခရဲ့ လက်အထိအတွေ့ကြောင့် အရာ့ကိုယ်လေးကျူံ့ဝင်သွားကာ"ဘာလုပ်တာလဲ..!"
"သက်သာပြီလား...စမ်းကြည့်တာ"
ကောင်လေးက ငြိမ်သက်စွာပဲ ပြန်ဖြေသည်။
"အဲ့လိုစမ်းလို့ ရတဲ့အမျိူးလား..!မင်းနော် တော်တော်ဖြစ်နေရင်လဲ toiletထဲသာသွား.."
YOU ARE READING
Preciously-"U" (Completed)
Romance*****Preview****** Unicode...... "ဦးရာ...ခင်ဗျားက ကျွန်တော့ထက် အသက်ကြီးမှန်းလည်းသိတယ်။ကျွန်တော့ထက်လည်း ရင့်ကျက်ချင်ရင့်ကျက်လိမ့်မယ်။ဒါပေမယ့်ဗျာ...။ ကျွန်တော် ခင်ဗျားကို ကာကွယ်ပေးချင်တယ်။လုံခြုံမှုပေးချင်တယ်။ တစ်စုံတစ်ယောက်ကြောင့်နည်းနည်းမှ မထိခိုက်...