Chapter-18🌻

4.3K 318 8
                                    

Unicode.......

လေးလံတဲ့ ခြေလှမ်းတွေနဲ့ ရှိန်းခအိမ်ထဲကို လျှောက်လာမိတယ်။
ဦးရာက ကျနော်နဲ့အသက်ကို သဘောတူလိုက်မှန်း မေမေသိရင် သိပ်ပြီး ဝမ်းသာသွားမှာပဲ။ တစ်အိုးတစ်အိမ်ထူထောင်ဖို့က မေမေ့ဆန္ဒလေ။
မပျော်နိုင်တဲ့ ကျနော့စိတ်တွေ အတွက်ကတော့ သော့ခတ်ထားရုံပေါ့။

ဒေါက်~ဒေါက်....!

မေမေ့ အခန်းတံခါးကို ခေါက်နေပေမယ့် ပြန်ထူးသံမကြားပေ ။
မေမေအိပ်ပျော်နေပြီလား။ သော့ခတ်မထားတဲ့ တံခါးကို ဖြည်းဖြည်းချင်း ဖွင့်ဝင်လိုက်သည်။
အိပ်ယာပေါ်မှာ မေမေရှိ‌မနေ။
မေမေ ဘယ်သွားနေတာလဲ။ အန်တီမွေး ပြောတာတော့ မေမေအိပ်ခန်းထဲမှာဆို။

"ဟမ်...!မေမေ.....!"

အခန်းထဲလှည့်ပတ်ကြည့်မှ ဘေစင်ဘေးမှာ လဲကျနေသော မေမေ။
သွေးတွေပေနေတဲ့ တစ်ရှူးစများအလည်မှာ။

"မေမေ...!မေမေ...ပြန်ထူးပါအုံး"

သွေးခုန်နှုန်းကို စမ်းကြည့်တော့ ခုန်သေးသည်။
မေမေ့ကို ပွေ့ချီကာ

"တီမွေး...!!! ခြံတံခါးဖွင့်...မေမေ့ကို ဆေးရုံခေါ်သွားမယ်..!"

"ဟေ....မမကြီး...!!ဘယ်လိုဖြစ်တာလဲ.."

တီမွေး လည်း တံခါးပြေးဖွင့်သည်။ တီမွေးကိုအိမ်မှာ ချန်ခဲ့ကာ ရှိန်းခ မေမေ့ကို ဆေးရုံတင်လိုက်သည်။
ဆေးရုံရောက်တော့ emergency roomထဲသို့ မေမေကိုခေါ်သွားကျသည်။ အပြင်မှာ ရပ်ကျန်ခဲ့တာဆိုလို့ ရှိန်းခ တစ်ယောက်တည်း။

"ကျနော့...မေမေ...အခြေအနေ ဘယ်လိုလဲဗျာ...ဆရာ"

ထွက်လာတဲ့ ဆရာကို အပြေးလေးမေးမိသည်။

"အခန်းထဲ..ခဏ လိုက်ခဲ့ပါအုံး"

ဆရာ့အခန်းထဲကို ရောက်တော့ မျက်နှာချင်းဆိုင်ထိုင်လိုက်သည်။ဆရာ သက်ပြင်းကိုအရင်ချပြီးမှ

"မမကြီးရဲ့ သွေးကင်ဆာက တော်တော်လေးဆိုးလာပြီပြောရမယ်။ နောက်ဆုံးအဆင့်ပါပဲ။
အခုကEmergencyကယ်ထားလို့ရပါသေးတယ်။စိတ်ကိုပြင်ထားရင် ကောင်းမယ်ထင်တယ်။"

ဆရာရဲ့ စကားအဆုံးမှာ ရှိန်းခ မျက်ဝန်းက မျက်ရည်တွေဟာ အလိုအလျောက်ဆင်းသက်လာတယ်။
အံကြိတ်ရင်းက ဆရာ့ကို

Preciously-"U" (Completed)Where stories live. Discover now