Chapter-47🌻

4.2K 313 11
                                    

Unicode........

ကျွီ...!

အလျင်စလို မောင်းနှင်လာတဲ့ ကားလေးတစ်စီးက Mya_Mar_Lar Hotelရှေ့မှာ တုံ့ခနဲ ရပ်လိုက်တော့ လူအများကတောင် လှည်ပြန်ကြည့်မိကြသည်။
ကားပေါ်က ဆင်းလာတဲ့ အမျိူးသားဟာလည်း အရပ်မြင့်မြင့် ထောင်ထောင်မောင်းမောင်းနှင့် ဆံပင်ကိုပင့်တင်ထားပုံက လူအများကို ရှိန်စေသည်။
ထို့ကြောင့် ကြည့်နေသူများက အကြည့်ချက်ချင်းပင် ပြန်လွဲကာ ကိုယ့်လမ်းကို သွားကြတော့သည်။

ဇွဲထက် အပြင်ပန်းက တည်တည်ငြိမ်ငြိမ်နဲ့ လမ်းလျှောက်လာပေမယ့် သူ့ရင်ထဲက တုန်လှုပ်နေတာကို မည်သူကမှ သိနိုင်မည်မဟုတ်ပေ။
သူ့ရဲ့ ခြေလှမ်းများက တစ်စုံတစ်ယောက်နောက်ကို စမ်းတဝါးဝါး လိုက်နေရတာနှင့် တူသည်။
ခြေနှင့်လိုက်ရတာထက် စိတ်နှင့်လိုက်ရတာက ပိုမောသည်။
ဒီအချိန်မှာ ခ ကို သူကိုယ်ချင်းစာသွားသည်။
ခ က သူကို လွန်ခဲ့တဲ့ နှစ်များစွာကတည်းက စိတ်နှင့်အပြေးလိုက်နေရသူဖြစ်သည်။
အခုတော့ ခ ကို သူစိတ်နှင့်လိုက်နေရပြန်သည်။
ခ သာ သူ့ကို မစွန့်လွတ်နိုင်ခဲ့ရင် အခုလို ထွက်သွားဖို့ ဆုံးဖြတ်မှာ မဟုတ်ပေ။
ခ သူ့အပေါ် စိတ်ပြန်လည်လာကာ ထားမသွားဖို့ကိုသာ ဆုတောင်းနေမိသည်။

ဇွဲထက် အတွေးများဖြင့် ရင်မောနေစဉ် lift doorက ပွင့်လာခဲ့တော့သည်။
သူအထဲကို ဝင်ဖို့ ခြေအလှမ်းမှာ ရပ်တန့်သွားရသည်။
သူ့ နံဖူးသူ ပြန်ရိုက်မိလိုက်အောင် သူမေ့နေပြန်တာ ဖြစ်သည်။
ဇွဲထက် စိတ်တွေ အလျင်လိုနေပေမယ့် ခရဲ့ တိုက်ခန်း နံပါတ်ကိုတော့ မေးဖို့ လိုနေသည်။
ဇွဲထက် အမြန်ပဲ ကိုကြီးရှိန်းကို ဖုန်းခေါ်ရပြန်သည်။

ဒူ__ဒူ__ဒူ___!

ကိုကြီးရဲ့ ဖုန်းကလည်း အခုမှ အတော့ကို ခေါ်ယူရသည်။
တော်တော်နဲ့ မကိုင်ဘူးဖြစ်နေသည်။
ကံကြမ္မာက သူတို့နှစ်ယောက် လွဲသွားဖို့ကို လိုလားနေတာလား...?

"ကိုကြီး....ကျနော် ခေါ်နေတာ ကြာလှပြီဗျာ..!"

သူမနေနိုင်စွာဘဲ တစ်ဖက်လူကို ပြန်အော်မိရာ

(Sorry...ဇွဲထက်...ငါရေချိူးနေလို့)

"ထားပါတော့...ကိုကြီး ခရဲ့ room.Noနဲ့ ဘယ်အထပ်မှာလဲ မေးဖို့မေ့သွားလို့"

Preciously-"U" (Completed)Where stories live. Discover now