Chapter-32🌻

4.3K 326 33
                                    

Unicode.......

           (တစ်ပတ်ခန့်ကြာသော်...)

ကလေးလေး တစ်ယောက်ဟာ ဆေးရုံရဲ့ မြက်ခင်းပြင်ကျယ်ကြီးမှာ ပြေးလွားလာရင်း ဝှီးချဲပေါ်ထိုင်နေသော မိမိအား ပန်းကလေးတစ်ပွင့် ထိုးပေးလာသည်။
မျက်နှာပေါ်မှာလည်း အပြုံး တစ်ပွင့်ဖြင့်။
ထိုကလေးလေးကို ကြည့်နေရင်းမှ သိပ်ချစ်စရာကောင်းမှန်း ရှိန်းခအမေ ကောက်ချက်ချလိုက်သည်။
ကလေးလေး ရဲ့ ပန်းလေးကို လှမ်းယူရင်း

"ဖွားဖွား ပန်ဖို့အတွက် ပေးတာလား..?"

ကလေးမလေးက ခေါင်းညိတ်သည်။

"ဒါဆို ဖွားဖွားကို ပန်ပေးမှပေါ့"

"ဟုတ်ကဲ့"

ကလေးမလေးဆီကို ခေါင်းငုံ့ပေးတော့ ကလေးလေးက ပန်ပေးသည်။

"ဖွားဖွားကို ကြည့်ရတာ မပျော်သလိုမို့လို့။
ဖွားဖွားမှာ အဖော်မရှိလို့လားဟင်..?
ပန်ပန်က ဖွားဖွားနဲ့ နေ့တိုင်းလာဆော့ပေးမှာပေါ့"

"ပန်ပန်...သမီးလေးက ပန်ကိတ်လေးလား..?"

"ဟုတ်ကဲ့"

"ဒါဆို သမီးလေးက အသက် အော် ..မောင်ရာလွန်းပိုင်ရဲ့ သမီးလေးပေါ့။
ချစ်စရာလေးကွယ်။ အခုက နေကောင်းပြီလား ...ဖွားဖွားဆီပြေးလာတာ လူကြီးတွေရော သိလား..?"

ရှူးးးး.....

ပန်ကိတ်လေးက လက်လေးတစ်ချောင်းနဲ့ နှုတ်ခမ်းကိုပိတ်ကာ လုပ်ပြသည်။

"ပန်ပန့်ပါပါးကို မပြောထားဘူး။
ပြောရင် ပါပါးက မပြေးခိုင်းဘူး။
မဆော့ခိုင်းဘူး။ ပန်ပန်ကလေ အရမ်းပျင်းနေပြီ။
နေကောင်းပြီဟာကို အိမ်လဲပြန်ရသေးဘူး"

နှုတ်ခမ်းလေးစူပြီးပြောနေတဲ့ ကလေးလေးကြောင့် ရှိန်းခမေမေ ပြုံးမိသွားသည်။

"ပန်ပန်လေးက ပြန်ရတော့မှာပါ။ ဖွားဖွားလိုဆို ဘယ်လိုလုပ်မှာ။ ဖွားဖွားက ပန်ပန်လေးထက် အရင်ရောက်တာ။ အခုထိ အိမ်မပြန်‌ရသေးဘူး"

"အို့အို....စိတ်မကောင်းမဖြစ်ပါနဲ့နော်။
ပန်ပန်လေးက နေ့တိုင်း ဖွားဖွားဆီ ခိုးလာမယ်နော်"

Preciously-"U" (Completed)Where stories live. Discover now