Chapter 58

2.7K 440 4
                                    

Unicode

Ch-58 ကိုယ့်အားကိုယ်ကိုး သန်မာအောင်လုပ်ရမယ်

သူ့စကားတွေကို ယွင်အိမ်တော်က လူတွေလက်ခံလိုက်ပြီဆိုတာသိလိုက်ရလို့ လင်းရွှမ်စိတ်အေးသွားသည်။ ပြီးတော့ ဒီစကားတွေကိုလဲ သူ့အမေပြောခဲ့တာလို့ သူတို့အားလုံးယုံကြည်သွားကြသည်။ တခြားသူတွေရဲ့မျက်လုံးထဲမှာ သူ့အမေကထက်မြက်ပြီးအရည်အချင်းရှိတဲ့အမျိုးသမီးတစ်ယောက်ဖြစ်တာကြောင့် ဒီလိုစကားတွေပြောခဲ့တယ်ဆိုတာကို ဘယ်သူ့ကမှထူးဆန်းတယ်လို့မြင်မှာ မဟုတ်ဘူး။

'' အမေက နည်းလမ်းအချို့ပြောခဲ့ပါတယ် ဒါပေမဲ့ အဲ့ဒါက... '' လင်းရွှမ်ပြောနေရင်းနဲ့ သခင်မကြီးယွင်ခဲ့ကို တစ်ချက်ကြည့်လိုက်ပြီး မရှင်းမလင်းပြောလိုက်တယ်။
'' အမေပြောတာက တကယ်လို့ သမီးတို့ယွင်အိမ်တော်ကို စဥ်းနှီးတုံးပေါ်ကအသားတုံးလိုမဖြစ်စေချင်ရင် ပထမဆုံး ကိုယ့်ကိုကိုယ် သန်မာအောင်လုပ်ရမယ်တဲ့ ''

'' သန်မာလာအောင်လုပ်ရမယ်တဲ့လား? ''
ယွင်ရှောင်၏မျက်လုံးတွေက ထူးဆန်းစွာညှိုးငယ်သွားကာ ခပ်တိုးတိုးညည်းညူလိုက်သည်။ '' နန်းမြို့တော်ထဲကအခြေအနေတွေက အရမ်းကိုရှုပ်ထွေးနေတာ။ ငါတို့လိုမိသားစုမျိုးက ဘယ်လိုလုပ်ကိုယ့်အားကိုယ်ကိုးပြီး သန်မာလာအောင်လုပ်နိုင်မှာလဲ? '' အင်အားကြီးတာကို ဘယ်သူကမကြိုက်ဘဲနေပါ့မလဲ!

ယွင်ရှောင်အကြောင်းပြောရရင် သူ့မှာ ထူးချွန်တဲ့ပညာအရည်အချင်းရှိတယ်။ ဒါပေမဲ့ အဲ့ဒါကိုထုတ်သုံးဖို့အခွင့်မသာခဲ့ဘူး။ အဆုံးသတ်မှာတော့ သူကအထက်တန်းလွှာမိသားစုက ဘာမှသုံးစားလို့မရတဲ့သခင်လေးလောက်တောင် အဆင့်အတန်းမမြင့်တဲ့အပြင် အရာရာတိုင်းမှာလဲနိမ့်ကျတယ်။

'' အဲ့ဒါ​ကြောင့် ရွှမ်အာပြောချင်တာက ဒုတိယအစ်ကို စစ်မြေပြင်သွားဖို့ကို အဘွားနဲ့အကြီးဆုံးဦးလေးတို့ သဘောတူပေးဖို့ပါ '' လင်းရွှမ်အသက်ရှုအောင့်ထားရင်း တောင်းဆိုလိုက်တယ်။

''ဘာ! မရဘူး ဒါလုံးဝမဖြစ်နိုင်ဘူး '' သူပြောတာကို သခင်မကြီးယွင်ခဲ့ကြားကြားချင်း ချက်ချင်းကိုငြင်းဆန်လေသည်။ '' မင်းဒုတိယအစ်ကိုက စိတ်မြန်လက်မြန်နဲ့ကလန်ကဆန်လုပ်တတ်တယ်။ ပြီးတော့ဘာမှလဲနားလည်တာမဟုတ်ဘူး။ သူ့ကိုစစ်မြေပြင်ကိုသွားခိုင်းရင် အဲ့တာကသူ့ကိုသွားသေခိုင်းတာနဲ့ အတူတူပဲမဟုတ်ဘူးလား? ''

The Ultimate Business Lady [Myanmar Translation ]Where stories live. Discover now