Chapter 42

3.3K 485 9
                                    

Unicode

Ch-42 သွယ်ဝိုက်ပြောဆိုခြင်း

သခင်မကျောက်တွေးထားတာက သားသမီးဝတ္တရားနဲ့ဝါကြီးတာကို အသုံးချပြီး ယွင်လင်းရွှမ်ကိုဖိနှိပ်မယ်။ အဲ့လိုဆိုရင် သူတို့လိုချင်တဲ့အကျိုးအမြတ်လည်းရမယ်.. တခြားသူတွေရဲ့ကဲ့ရဲ့ချင်နေတဲ့ပါးစပ်တွေကိုလဲ ပိတ်ပြီးသားဖြစ်သွားမယ်။ ယွင်အိမ်မှာ မျက်နှာပျက်စရာလဲမလိုတော့ဘူး။

သူမကတည်ငြိမ်နေနိုင်ပေမဲ့ သူရဲ့ချစ်သားလေးကတော့ ဆက်ပြီးတည်ငြိမ်မနေနိုင်တော့ပေ။

သူ့အမေနဲ့ညီမက အရေးကြီးတဲ့ကိစ္စကို
မမေးဘဲ တောက်တီးတောက်တက်တွေ လျှောက်ပြောနေတာကို ရှန့်ကွမ်ယုံအန်းမြင်တော့ ယဥ်ကျေးမှုတစ်စက်ကလေးတောင်မရှိဘဲ အသံကျယ်ကျယ်နဲ့ထမေးတယ်။
'' ယွင်လင်းရွှမ် ငါနင့်ကိုမေးမယ် နင်ယွင်ပေါ်ကို ဘဏ်စာရွက်တစ်သောင်းပေးလိုက်လား? ''

သူရဲ့ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိရှိနဲ့ အရမ်းကိုတရားနည်းလမ်းကျသလို မေးခွန်းထုတ်သံကြောင့် လင်းရွှမ်သူ့ကိုမေးလိုက်ချင်တယ်: နင်က ဘာမလို့လဲ? ဒါမဲ့ ဒီလိုအခြေအနေမျိုးမှာသာ သူမဒီလိုမေးခွန်းမျိုး တကယ်မေးလိုက်ရင် ရှန့်ကွမ်မိသားစု တကယ်ကြီးရူးသွားကြလိမ့်မယ်။

ရူးနေတဲ့လူတွေက ဘာမဆိုလုပ်နိုင်ကြ တယ်။ သူကအခုထိ အရွယ်မရောက်သေးဘူး။ ဒီအခြေအနေမှာ သူတို့နဲ့ထိပ်တိုက်တွေ့တာက ကောင်းမွန်တဲ့ရွေးချယ်မှုမဟုတ်ဘူး။

အခုအချိန်မှာ ယွင်အိမ်က လေပြင်းတွေလှိုင်းလုံးတွေကြားမှာ* ရှိနေပြီး တကယ်လို့ သူမသာ လူကြီးသူမတွေအပေါ်မသိတတ် ၊မလေးစားဘူးဆိုပြီး အပြစ်တင်ခံရရင် လူတွေရဲ့အာရုံကို ဆွဲဆောင်မိလိမ့်မယ်။ တချို့တွေက အဲ့ဒါကိုအခွင့်ကောင်းယူပြီး ယွင်အိမ်က အရာအားလုံးကို လုယူကြလိမ့်မယ်။
[*ကြမ်းတမ်းရက်စက်တဲ့ လူ့အသိုင်းအဝိုင်း
အခက်အခဲတွေ] 

အမှန်က သူမယွင်ပေါ်ကို ငွေတစ်သောင်းပေးတဲ့နောက်ကွယ်မှာ နက်နဲဲတဲ့အကြောင်းရင်းရှိတာပေါ့။ အပေါ်ယံမြင်သလိုမျိုးမရိုးရှင်းဘူး။

The Ultimate Business Lady [Myanmar Translation ]Where stories live. Discover now