Chapter 50

3.5K 487 6
                                    

Unicode

Ch-50 လေ့ကျင့်ရေးမားမား

ယွင်ပေါ် နဲ့ယွင်ယွီရဲ့စကားဝိုင်းကြောင့် ယွင်ရှောင်နဲ့ယွင်ဖုန်းရဲ့ရင်ထဲမှာ ပြောမပြနိုင်လောက်တဲ့ တုန်လှုပ်မှုကြီးတစ်ခု ရိုက်ခတ်သွားတယ်။

ယွင်မိသားစုထဲက လူငယ်တွေရဲ့ 'ပေါ့ပေါ့နေ ပေါ့ပေါ့စား' ဘဝတွေနဲ့ပတ်သက်လို့ သူတို့တတွေ စိုးရိမ်နေပေမယ့်လဲ ဘာမှမတတ်နိုင်တာ​ကြောင့် ဒီတိုင်းသာလွှတ်ထားနိုင်တယ်။ သို့ပေမဲ့ အရမ်းကိုအံသြစရာကောင်းလောက်အောင် ဒီလိုအခြေအနေမျိုးကို ယွင်လင်းရွှမ်လိုကောင်မလေးက ပြောင်းလဲပစ်လိုက်တာပဲ။

ယွင်ရှောင်နဲ့ယွင်ဖုန်းက ဘယ်လိုပဲ ကောက်ချက်ချပါစေ သူတို့နှစ်ယောက်ကို
မနှောင့်ယှက်ချင်တာမလို့ ဘာမှမကြားလိုက်သလိုပဲဟန်ဆောင်နေလိုက်ကြသည်။ ဒါပေမဲ့ ယွင်ယွီကိုစစ်ထဲဝင်ခွင့်ရအောင် လင်းရွှမ်ဘယ်လိုများဖျောင်းဖျမလဲဆိုတာ သူတို့သိချင်မိတယ်။ သူသာ တကယ်ကြီးသူတို့ကို ဖျောင်းဖျနိုင်မယ့်အစွမ်းအစရှိမယ်ဆိုရင်
ယွင်လင်းရွှမ်ရဲ့အရည်အချင်းကို လျော့တွက်လို့မရတော့ဘူး။

ရှန့်ကွမ်ယွမ်ရဲ့သမီးက ဒီလောက်တောင် ထူးချွန်တဲ့အရည်အချင်းတွေ ရှိနေတာလား?

အရင်တုန်းက လင်းရွှမ်က ရှန့်ကွမ်မိသားစုနဲ့သိသိသာသာကို ပိုပြီးရင်းနှီးပြီးတော့ ယွင်မိသားစုက လူတွေကိုသဘောကျတဲ့ပုံမရှိဘူး။ အဲ့တာကြောင့် ယွင်ပေါ်က သူ့ကိုမြင်တဲ့အခါတိုင်း အမြဲတမ်းအနိုင်ကျင့်နေခဲ့တာ။ သို့ပေမဲ့ စတုတ္ထညီလေးနဲ့ခယ်မလေးတို့ ကွယ်လွန်သွားတဲ့နောက်မှာတော့
ထူးထူးဆန်းဆန်း ဘယ်တော့မှ အစေးမကပ်ခဲ့တဲ့နှစ်ယောက်က အရင်းနှီးဆုံးဖြစ်သွားကြတယ်။ ယွင်ပေါ်ကိုကြည့်ရင် ယွင်လင်းရွှမ်ကို တော်တော်လေးစားတာကို မြင်နိုင်တယ်။ ဒီအခြေအနေမျိုးက အရွယ်ရောက်ပြီးသားလူကြီးနှစ်ယောက်ကို ဘာပြောရမှန်းမသိ ဖြစ်စေတယ်။

အံ့သြသင့်သွားတဲ့တခြားတစ်ယောက်ကတော့ ယွင်ယာ။ ယွင်အိမ်တော်မှာ သခင်လေးအားလုံးပေါင်းခြောက်ယောက်ရှိတယ်။ ပျောက်နေတဲ့ယွင်ထောင်ကို ထည့်မတွက်ရင် သခင်လေးငါးယောက်ရှိတယ်။ အဲ့ဒီသခင်လေးတွေထဲမှာ ကိုယ်လုပ်တော်ကမွေးတဲ့သူကလွဲရင် ကျန်တဲ့သူတွေကတရားဝင်ဇနီးက မွေးတဲ့သူတွေချည်းပဲ။ လူတိုင်းက သူ့ရှေ့မှာတော့ ဘာမှမပြောကြပေမဲ့ သူ့ကိုအမြဲတမ်း ထူးဆန်းတဲ့အကြည့်တွေနဲ့ ကြည့်နေကြတာ။ အဲ့ဒီအကြည့်တွေက သူ့ကိုကိုယ်လုပ်တော်ကမွေးတဲ့သူမလို့ အနာဂတ်လမ်းကြောင်းတွေ ကျိန်းသေပေါက်မရှိဘူးဆိုတာကို သတိပေးနေသလိုပဲ။

The Ultimate Business Lady [Myanmar Translation ]Where stories live. Discover now