Unicode
Ch-53 ကောင်းကင်ဘုံကို မြေလှန်၍မရ
ဒီလိုကိစ္စမျိုးက ပြောချင်တိုင်းပြောပြီး
စနောက်လို့ရတဲ့ဟာမျိုးမဟုတ်ပေ။ သူက အရွယ်တောင်မရောက်သေးဘူး။ ပြီးတော့ သူက စီးပွားရေးကိုဘာတစ်ခုမှနားလည်တာလဲမဟုတ်ဘူး။ အဲ့ဒါကို သူကဘယ်လိုလုပ် ယွင်အိမ်တစ်ခုလုံးရဲ့တာဝန်ကိုယူပေးနိုင်မှာလဲ?လင်းရွှမ်ရဲ့စကားတွေကြောင့် ယွင်ပေါ်ခေါင်းနပန်းကြီးသွားသည်။
ယွင်ပေါ်ရဲ့စိုးရိမ်ပူပန်နေတဲ့မျက်နှာကို ဂရုမစိုက်ဘဲ လင်းရွှမ် ယွင်ပေါ်ကိုသေချာကြည့်ပြီး တစ်လုံးချင်းစီပြောလိုက်သည်။
'' ပဉ္စမအစ်ကို ရွှမ်အာမှာ တခြားနည်းလမ်းမရှိတော့ဘူး... အဲ့ဒါကြောင့် ဒီနည်းလမ်းကိုလုပ်ရုံပဲရှိတယ်! ''ယွင်ပေါ်က စကားဖြတ်ပြောမလို့လုပ်နေတာမြင်တော့ လင်းရွှမ်ကခေါင်းခါပြီး သူမပြောမယ့်စကားကိုအရင်ဆုံးအောင်နားထောင်ဖို့ပြောလိုက်တယ်။ '' ပဉ္စမအစ်ကိုလဲ သိမှာပါပဲ။ ညီမတို့ကိုဘယ်လိုမကောင်းကြံရမလဲဆိုပြီး ကျိတ်ကြံနေကြတဲ့အင်အားကြီးမျိုးနွယ်စုတွေကို ထည့်မတွက်ရင်တောင် အရင်ကယွင်အိမ်နဲ့အလုပ်တွဲလုပ်ခဲ့တဲ့လူတွေတောင်မှ အခုချိန်မှာ ယွင်အိမ်ရဲ့ကြွယ်ဝချမ်းသာမှုတွေကို မျက်စိကျနေကြတာ။ သူတို့မျက်လုံးတွေက အရိုးတွေ့တဲ့ခွေးလိုပဲအငမ်းမရဖြစ်နေကြတာ။ ရွှမ်အာကအခုရင်ဆိုင်နေရတာက အရမ်းအန္တရာယ်များတဲ့မုန်တိုင်းတစ်ခုပဲ။ အဲ့တာကြောင့် ရွှမ်အာ အစ်ကို့ကို အခုလိုတောင်းဆိုရတာပါ!''
အရင်ကသန်မာပြီးမာနကြီးတဲ့ လင်းရွှမ်ရဲ့အားနည်းတဲ့ပုံစံကိုမြင်ရတော့ ယွင်ပေါ်တစ်ယောက်အားမာန်တွေတက်လာပြီး '' ရွှမ်အာ အစ်ကိုဘယ်လိုကူညီပေးရမလဲ? အစ်ကို့ကို ပြောသာပြောလိုက် ''
အိမ်တော်မှာ သူရဲ့အစ်မတွေညီမတွေနဲ့က
ဒီလိုမျိုးစကားမပြောဖူးတော့ ဒီအခြေအနေက ယွင်ပေါ်ကိုစိတ်ရှုပ်ထွေးစေတယ်။'' အဖေနဲ့အမေရဲ့ ပူဆွေးခြင်းအထိမ်းအမှတ်အတွက် ယွင်အိမ်ရဲ့တံခါးပေါက်တွေက သုံးနှစ်လုံးပိတ်ထားမယ်။ အဲ့သုံးနှစ်အတွင်းမှာ ယွင်အိမ်က ဧည့်သည်လက်မခံသလို ညီမတို့လည်းအပြင်ကိုမထွက်ဘူး ... သုံးနှစ်အတောအတွင်း ယွင်အိမ်ရဲ့ဆိုင်ခန်းတွေအကုန်လုံးကို ပဉ္စမအစ်ကိုပဲ တာဝန်ယူဦးစီးပေးရမယ် '' လင်းရွှမ်ရဲ့ စကားတစ်လုံးစီတိုင်းက ယွင်ပေါ်ရဲ့မျက်လုံးတွေကို ထိတ်လန်မှု့ကြောင့်ပြူးကျယ်သွားစေသည်။
YOU ARE READING
The Ultimate Business Lady [Myanmar Translation ]
RomanceOriginal Author - Lan Mei Gui 懒玫瑰 Original Publisher - readnovel This story is not my own.This is just for Fan Translation. Full credit to The ORIGINAL AUTHOR and English Translators. Starting date - 29/8/21 Both Unico...