Chapter 44

3.3K 483 4
                                    

Unicode

Ch-44 တကယ့်ကို လက်ရာမြောက်တယ်

'' ဒေါ်လေး မမှတ်မိတော့ဘူးလား? အရင်တုန်းက အမေကဦးလေးကို ဆိုင်တစ်ဆိုင် ပေးခဲ့သေးတယ်လေ။ ဒါမဲ့လဲ နှမြောစရာပဲ အဲ့အချိန်တုန်းက ဦးလေးက အရာရှိတောင် မဖြစ်သေးဘူး။ ဆိုင်ကိုတစ်လတောင် မထိန်းသိမ်းနိုင်ခဲ့ဘူးလေ။ အဲ့အချိန်က အမေ့မှာဝမ်းနည်းပြီး သက်ပြင်းတချချနဲ့ ဦးလေးက စီးပွား​ရေးလုပ်ဖို့မသင့်တော်ဘူးလို့ ပြောခဲ့သေးတယ်။ အဲ့တာကို ဘယ်လိုလုပ်​ရွှမ်အာက ယွင်အိမ်ကပိုင်ဆိုင်မှုတွေကို ဦးလေးဆီ အပ်ထားရဲမှာလဲ? '' ရွှမ်အာ
ထေ့ငေါ့သလိုမျိုး မေးလိုက်တယ်။

ဒီစကားတွေ​ကြောင့် သခင်မကျောက်နဲ့ တခြားသူတွေလဲ မှတ်မိနေတဲ့ကိစ္စမလို့
လုံးဝကိုထူပူသွားကြသည်။ ရှန့်ကွမ်ယွမ်ဒေါသတွေအရမ်းထွက်နေခဲ့တာကို ကလေးဖြစ်တဲ့ ရှန့်ကွမ်ယန်လန်တောင် သေသေချာချာမှတ်မိနေခဲ့သည်။

အဲ့အချိန်က ရှန့်ကွမ်ယွမ်အဲ့လောက်ဒေါသထွက်တာကို သူတို့တွေ ပထမဆုံးမြင်ဖူးခဲ့ခြင်းပဲ။

'' အဲ့အချိန်တုန်းက မင်းဦးလေးက ငယ်သေးတယ်လေ။ ဒါကြောင့် တခြားသူတွေလှည့်စားတာ ခံခဲ့ရလို့ပါ! '' သခင်မကျောက်ဆင်ခြေရှာတာ နေ့တစ်ဝက်လောက် ကြာသွားတယ်။

'' အဲ့ဒါကြောင့်နဲ့တော့ ဦးလေးရဲ့စီးပွားရေး လုပ်နိုင်စွမ်းမရှိတာကို ပြောင်းလဲလို့မှ
မရတာ '' လင်းရွှမ်ကလဲနည်းနည်းလေးမှ အလျော့မပေးချင်ဘူး။ သူတို့ရဲ့စိုးရိမ်ပူပန်နေတဲ့မျက်နှာကို အေးစက်စွာစိုက်ကြည့်ရင်း အဲ့မျက်နှာတွေကို အပိုင်းပိုင်းဆုတ်ဖြဲပစ်ချင်လာတယ်။

'' ယွင်လင်းရွှမ် နင်ရဲ့မိသားစုကိစ္စတွေ ငါတို့ဂရုမစိုက်ဘူး။ ဒါပေမဲ့ နင်ယွင်ပေါ်ကို ငွေတစ်သောင်းပေးနိုင်ရင် ငါ့ကိုရော ဘာလို့မပေးနိုင်တာလဲ? ငါက နင့်အမေဘက်ကအကိုဝမ်းကွဲလေ။ နင့်အဖေဘက်က အစ်ကိုဝမ်းကွဲနဲ့ ဘာလို့ခွဲခြားဆက်ဆံနေရတာလဲ? '' သူဒီအထိရောက်လာတာတောင် ငွေနည်းနည်းလေးမှမရဘူးဆိုတော့ ရှန့်ကွမ်ယုံအန်းငြိမ်မနေနိုင်တော့ဘဲ မရှက်မရှိထုတ်ပြောတော့သည်။

The Ultimate Business Lady [Myanmar Translation ]Where stories live. Discover now