Chapter 57

2.6K 412 4
                                    

Unicode

Ch-57 လူပြက်

လင်းရွှမ်ရဲ့အဘိုးဆုံးပါးသွားခဲ့သည်မှာ နှစ်အတော်ကြာခဲ့ပြီ။ သခင်မကြီးယွင်ခဲ့က ဒီစာဖတ်ခန်းထဲကို ဘယ်သူ့ကိုမှမဝင်ခိုင်းခဲ့ဘူး။ အကြီးဆုံးသားဖြစ်တဲ့ယွင်ရှောင်တောင်မှ ဒီကိုလာတာရှားသည်။ ဒီနေ့သခင်မကြီးယွင်ခဲ့က ဒီလိုမျိုးပြောတယ်ဆိုတော့ လင်းရွှမ်ကို အတော်လေး မျက်နှာသာပေးထားတာ ဖြစ်သည်။

လင်းရွှမ်ကလင်းယန်ကို သူမကြာခင်ပြန်လာခဲ့မယ်ဟုပြောကာ လင်းယန်ကိုတော့ ခန်းမထဲမှာပဲ တခြားသူတွေနဲ့စကားပြောဖို့နေခိုင်းခဲ့တယ်။

လူတိုင်းကလင်းရွှမ်ရဲ့နောက်ကျောကို ကြည့်နေကြရင်း သူတို့စိတ်ထဲမှာထူးဆန်းတဲ့ခံစားချက်ကို ခံစားနေရသည်။

ဒီလိုမိန်းကလေးငယ်ငယ်လေးက ဘယ်လိုအင်အားမျိုးကို ပိုင်ဆိုင်မှာမလို့လဲ? ဒါပေမဲ့ ဘာလို့လင်းရွှမ်က သူတို့အိမ်တော်ရဲ့သခင်ကြီးတွေထက်တောင် ပိုပြီးအထင်ကြီးစရာ ကောင်းလောက်တဲ့အရှိန်အဝါမျိုး ရှိနေတယ်လို့ သူတို့ခံစားနေရတာလဲ?

သူတို့ထင်ယောင်ထင်မှား ဖြစ်နေကြတာများလား?

ရှန့်ကွမ်ယွမ်ကိုယ်တိုင်ကိုယ်ကျ သင်ပေးထားတဲ့ သမီးဖြစ်သူကဘယ်လိုအစွမ်းအစမျိုးတွေ ရှိနေလို့လဲ?

စာဖတ်ခန်းအဟောင်းထဲမှာ သခင်မကြီးယွင်ခဲ့က ယွင်ရှောင်၏အကူဖြင့် ထိပ်ဆုံးခုံ၌ထိုင်လိုက်သည်။ ကျန်တဲ့သူတွေလဲပဲ ထိုင်ခုံနေရာရှာကာ ထိုင်လိုက်ကြသည်။ လင်းရွှမ်တစ်ယောက်တည်းကသာမထိုင်ဘဲ မတ်တပ်ရပ်နေလေသည်။

'' ရွှမ်အာ သမီးစိတ်ထဲမှာ တစ်ခုခုရှိနေရင် ထုတ်ပြောလိုက်လို့ရတယ်! '' သခင်မကြီးယွင်ခဲ့က ထိုင်ခုံမှာထိုင်ပြီးတာနဲ့ သူ့ရင်ထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ ခံစားချက်တစ်ခု ပေါ်ထွက်လာတယ်။ အကြီးအကဲတွေက လူငယ်မျိုးဆက်ရဲ့စကားတွေကိုနားထောင်နေတယ်ဆိုတာက သိပ်ကိုရယ်စရာကောင်းတယ်မဟုတ်လား။ အပြင်လူတွေသာ ဒီကိစ္စကိုသိသွားကြရင် ယွင်အိမ်တော်မှာ လမ်းပြပေးမယ့်အကြီးအကဲတွေမရှိတော့ဘူးလားလို့  လှောင်ပြောင်ကြလိမ့်မယ်။

The Ultimate Business Lady [Myanmar Translation ]Where stories live. Discover now