Chapter 54

2.8K 423 4
                                    

Unicode

Ch-54 တံခါးကိုပိတ် ဧည့်​တွေ့လက်မခံရ

မားမားလင်တစ်ယောက် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေဆဲမှာပင် အနာဂတ်မှာ သူအပြင်ထွက်ချင်တဲ့အချိန်ကျရင် တံခါးပေါက်ကနေ ခြေတစ်လှမ်းတောင်လှမ်းခွင့်ရတော့မှာ မဟုတ်ဘူးဆိုတာကို မားမားလင်လုံးဝတွေးမိမှာမဟုတ်ဘူး။

လင်းရွှမ်ရဲ့ဖျောင်းဖျမှုအောက်မှာ ယွင်ပေါ် နောက်ဆုံးတော့ ကိုယ့်ကိုကိုယ်အားတင်းကာ သဘောတူလိုက်တယ်။

'' ဘာပဲဖြစ်ဖြစ် ယွင်အိမ်ရဲ့ပိုင်ဆိုင်ကြောင်း ပြတဲ့စာရွက်စာတမ်းတွေ ဘာတွေအားလုံးက နင့်လက်ထဲမှာပဲရှိမယ်။ ပြီးတော့ ငါဘယ်လိုလုပ်လုပ် ယွင်အိမ်အနေနဲ့ စီးပွားပျက်မယ့်ကိစ္စက လုံးဝရှိလာမှာမဟုတ်ဘူး ဟုတ်တယ်နော်!? '' သူအထပ်ထပ်အခါခါမေးပြီးတော့မှ ယွင်အိမ်ရဲ့ကိစ္စအဝဝကိုတာဝန်ယူဖို့ သတ္တိရှိလာတာ။

'' ဟုတ်တယ်! '' လင်းရွှမ်ရယ်ချင်စိတ်ကိုထိန်းကာ ယွင်ပေါ် နောက်ဆုတ်ပြီး တပ်ခေါက်သွားမှာစိုးလို့ လေးလေးနက်နက်ဖြင့် ခေါင်းညိတ်ပြလိုက်တယ်။

'' အဲ့တာဆို ပြီးတာပဲ '' တစ်ခုခုကိုတွေးတောနေဟန်နဲ့ ယွင်ပေ၏မျက်ခုံးတွေ အနည်းငယ်တွန့်ချိုးသွား၏။ အဲ့နောက်သူ့မျက်လုံးတွေကဝင်းလက်သွားပြီး စိတ်လှုပ်ရှားစွာဖြင့်ပွစိပွစိပြောလာသည်။ '' ငါ့ကိုအထင်သေးတဲ့ကောင်တွေ ဒီသတင်းကိုသာကြားသွားလို့ကတော့ ဘယ်လိုတွေးကြမလဲမသိဘူး! ''

အရင်တုန်းကသူကပဲ ယွင်အိမ်ကနေအခွင့်အရေးတွေခံစားခဲ့ရတာ။ ဒါမဲ့ အခုတော့ သူကယွင်အိမ်တစ်ခုလုံးရဲ့စီးပွားရေးကို တာဝန်ယူရတော့မယ်ဆိုတော့ကား အာ...။ တခြားသူတွေဘယ်လိုများ တွေးကြမလဲ? ဒီကိစ္စကို သူတို့ဘယ်လိုမြင်မလဲ? ရုတ်တရတ် သူအရမ်းကိုစိတ်လှုပ်ရှားသွားတယ်။

ယွင်ပေါ်မျက်နှာပေါ်က နတ်ဆိုးဆန်ဆန်အပြုံးကို လင်းရွှမ်စိတ်ထဲမထားဘဲ
စိတ်သဘောထားကြီးကြီးဖြင့် သတိပေးလိုက်သေးသည်။ : '' အစ်ကိုလုပ်ချင်တဲ့ကိစ္စမှန်သမျှ လုပ်လို့ရတယ်။ ဒါပေမဲ့ တစ်ခုတော့ အစ်ကို့စိတ်ထဲမှာ အမြဲတမ်းမှတ်ထားရမယ်: ကုန်သည်တစ်ယောက်အတွက် လူမှုဆက်ဆံရေးကိုတန်ဖိုးထားဖို့က အခရာပဲ။ ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ် အဲ့တာကိုမေ့ပစ်လို့မရဘူး! ''

The Ultimate Business Lady [Myanmar Translation ]Where stories live. Discover now