Chapter 43

3.3K 463 4
                                    

Unicode

Ch-43 ငိုရမလား ရယ်ရမလား

လင်းရွှမ် မျက်နှာကြီးသုန်မှုန်နေတဲ့ရှန့်ကွမ်ယုံအန်းကို တစ်ချက်လှမ်းကြည့်ပြီး ခန်းမဝင်ပေါက်ဘက်သို့အကြည့်လွှဲကာ ဖြေးညင်းစွာပြောလိုက်တယ်။ '' ဘာပဲဖြစ်ဖြစ် လူတိုင်းက အငမ်းမရလိုချင်နေကြတာပဲလေ။ အဲ့လိုဆိုမှတော့ ဒီတိုင်းကိုယ့်သိက္ခာနဲ့ကိုယ်နေတာက အကောင်းဆုံးပါပဲ။ အစွမ်းအစရှိတဲ့သူဆို ယွင်အိမ်ကကြိုဆိုလျက်ပါပဲ ''

'' ဘာ? '' သူပြောတာကိုကြားတော့ သခင်မကျောက် ချက်ချင်းပျာယာခတ်သွားပြီး မျက်နှာပျက်မှာကိုတောင်ဟန်မဆောင်နိုင်တော့ဘဲ အမောတကောမေး၏။
'' ရွှမ်အာ မင်းက မင်းမိဘတွေထားခဲ့တဲ့ အမွေတွေကို သူများကိုပေးပစ်လိုက်တော့မလို့လား? '' ဒါတွေအားလုံးက ရှန့်ကွမ်မိသားစုရဲ့ဟာတွေချည်းပဲ ဘယ်သူမှမရစေရဘူး!

သခင်မကျောက်ဖြစ်ပျက်နေတဲ့ပုံစံက လုံးဝအသည်းအသန်နဲ့ မသိရင်သူတို့အိမ်ကရတနာပစ္စည်းတွေ လုယူခံလိုက်ရသလိုပဲ။ တကယ့်ကိုအံ့သြစရာကောင်းလွန်းလို့ လင်းရွှမ်ငိုရမလား ရယ်ရမလားတောင် မသိတော့ဘူး။

ဒီလိုလူမျိုးတွေကို သူဘာမှပြောလို့ရမှမဟုတ်ဘူး။ ကြည့်ရတာ သူပြောလိုက်တဲ့စကားကိုခေါင်းထဲတောင်မထည့်ဘဲ ပစ္စည်းတွေအကုန်လုံးကသူတို့အပိုင်ဘဲလို့ တထစ်ချတွေးနေကြမှာ။ သူတို့ကိုယ်ကျိုးတစ်ခုတည်းပဲကြည့်ပြီး အပြစ်ရှိစိတ်ဆိုတာမြူတစ်မှုန်တောင်ရှိမှာမဟုတ်ဘူး။

'' မဟုတ်ရင်ရော? ယွင်အိမ်ရဲ့ပိုင်ဆိုင်မှုတွေကို ထိန်းသိမ်းပေးမဲ့နည်းလမ်း ဒေါ်လေးမှာရှိလို့လား? '' လင်းရွှမ်စူးစမ်းလိုစိတ်ဖြင့် ဖြေးညင်းစွာ မေးလိုက်သည်။

သခင်မကျောက်ကတော့ 'ငါတို့ဆီမှာအပ်ထားလိုက်ပေါ့။ အဲ့တာဆို အကောင်းဆုံးပဲပေါ့' လို့ပြန်ဖြေချင်နေတာ။ သို့ပေမဲ့
အခုသူမရှေ့ကယွင်လင်းရွှမ်က အသက်ငယ်သေးတာတောင်မှ သူ့အမေ ရှန့်ကွမ်ယွမ်လိုပဲ အရမ်းဉာဏ်များပြီးတော့ လှည့်စားဖို့မလွယ်ကူဘူးဆိုတာ သူမသတိထားမိတယ်။ သူမမျက်မှောင်ကြုတ်ရင်း ဘယ်လိုပြန်ဖြေရမလဲစဥ်းစားလို့မရဖြစ်နေ၏။

The Ultimate Business Lady [Myanmar Translation ]Where stories live. Discover now