Unicode
Ch-49 အပေးအယူ
'' အဲ့တာဆို မင်းဘယ်လိုလုပ် ပြန်လာနိုင်တာလဲ? အဲ့လူတွေက မင်းကိုကြိုးနဲ့တုပ်ပြီး အိမ်တော်ကိုပိုက်ဆံလာတောင်းမယ်လို့ မပြောဘူးလား? '' သူတို့တွေ အိမ်တော်ကနေမထွက်ရသေးတဲ့အပြင် အဘွားကလဲ အိမ်တော်ကနေအပြင်ကိုမထွက်ခိုင်းဘူး။ အဲ့တာကြောင့် သတင်းအစုံအလင်ကို မသိရသေးဘူး။ ရန်ဖြစ်ကြတယ်လို့ပဲ ကြားထားပြီး အသေးစိတ်ကိုမသိဘူး။
'' လင်းရွှမ်က တချန်ကိုဘဏ်စာရွက်တွေယူလာခိုင်းတယ် '' ယွင်ပေါ်အင်္ကျီလက်ထဲက ဘဏ်စာရွက်တွေကိုထုတ်ပြီး ထိုင်းမှိုင်းစွာပြောလိုက်သည်။ '' သူက ကျွန်တော်ကို ဘဏ်စာရွက်ငွေတစ်သောင်းဖိုးတောင်ပေးလိုက်တယ် ''
'' ဘာ? ငွေတစ်သောင်းတောင်? သူဘာလုပ်ချင်နေတာလဲ? '' ယွင်ယွီရဲ့စိတ်အထင်အရ ယွင်လင်းရွှမ်ဒီလိုလုပ်တာက စေတနာကြောင့်မဟုတ်ဘူးလို့ခံစားနေရတယ်။
'' သူဘာမှမလုပ်ချင်ပါဘူး။ သူက ကျွန်တော်ကို စာပေရော စစ်ရေးမှာရောမကျွမ်းကျင်ဘူးဆိုရင် အနာဂတ်မှာ ကျွန်တော် နန်းမြို့တော်မှာဘယ်လိုနေမလဲ ၊ လက်ထပ်ပြီး ကလေးတွေရလာရင်ရော ဘယ်လိုလုပ်မလဲ မိသားစုကိုဘယ်လိုထောက်ပံ့မှာလဲ အဲ့တာတွေကို သိစေချင်ရုံပဲ! ''
ယွင်ပေါ်ရဲ့စိတ်အခြေအနေက မကြုံစဖူးကျဆင်းနေပြီး သူ့အကြည့်တွေကအားငယ်ကာ
စိတ်တွေရှုပ်ထွေးနေသည်။
'' ဒုတိယအစ်ကို ကျွန်တော်တို့အဲ့လောက်တောင် စုတ်ပဲ့နေပြီလား? ယွင်လင်းရွှမ်ကတောင် ကျွန်တော်တို့ကိုအထင်သေးပြီး မေးခွန်းထုတ်နေတယ်!''ယွင်ယွီတိတ်ဆိတ်သွား၏။ ဒီကိစ္စကို ယွင်လင်းရွှမ်ပြောပြောမပြောပြော အဲ့တာက အမှန်တရားပဲ။
သူတို့ရဲ့ပေါ့ပေါ့နေ ပေါ့ပေါ့စားနေနေကြတဲ့ဘဝတွေကို လင်းရွှမ်ကအထင်သေးပြီးတော့ သူမေးခွန်းထုတ်တာကိုခံရတာက ပိုပြီးခံရခက်စေတယ်။
'' သူကပြောသေးတယ် အကြီးဆုံးအစ်ကိုက အိပ်မက်တွေရှိပေမဲ့ သတ္တိတော့မရှိဘူး။ ဒုတိယအစ်ကိုကကျ မျှော်လင့်ချက်မဲ့နေတာကြောင့် စိတ်ဓာတ်ကျနေတယ်။ တတိယအစ်ကိုကတော့ အခုလက်ရှိနန်းမြို့တော်ထဲက ယွင်အိမ်တော်ရဲ့အခြေအနေကို လုံးဝမသိတဲ့အထိ သွေးနထင်ရောက်နေတယ်။ စတုတ္ထအစ်ကိုကျ တရားဝင်အဆင့်အတန်းမဟုတ်ပေမဲ့ သူလဲပဲ ယွင်အိမ်တော်ရဲ့သားဖြစ်တာမလို့ အိမ်တော်အတွက် တစ်ခုခုအကျိုးဆောင်သင့်တယ်တဲ့။ ကျွန်တော်ကျတော့ရော ဟားဟား ခုနကပြောသားပဲ ကျွန်တော်က အသုံးမကျပါဘူးလို့.. ဒုတိယအစ်ကို ကျွန်တော်တို့ ဘယ်လမ်းရွေးသင့်လဲ? ယွင်လင်းရွှမ်က ကျွန်တော်တို့ကို အထင်သေးနေတာကို ဒီတိုင်းနေနေကြမှာလား? '' ယွင်ပေါ် ကြောင်အစွာမေးလိုက်တယ်။
![](https://img.wattpad.com/cover/279507739-288-k176147.jpg)
YOU ARE READING
The Ultimate Business Lady [Myanmar Translation ]
RomanceOriginal Author - Lan Mei Gui 懒玫瑰 Original Publisher - readnovel This story is not my own.This is just for Fan Translation. Full credit to The ORIGINAL AUTHOR and English Translators. Starting date - 29/8/21 Both Unico...