Chapter 56

2.7K 416 5
                                    

Unicode

Ch-56 ကရုဏာ

'' သူ့မှာ ဘယ်လိုအတွေးမျိုးရှိရှိ အိမ်တော်ထဲကတစ်ယောက်ယောက်ကို ထိခိုက်အောင်လုပ်တာ ၊ တစ်ခုခုကိုဖျက်ဆီးမှာကိုတော့ အစ်မလုံးဝခွင့်ပြုမှာမဟုတ်ဘူး! '' သူအရင်ဘဝတုန်းက ဖြစ်ပျက်ခဲ့တဲ့အရာတွေ ဒီဘဝမှာ လုံးဝအဲ့လိုအဖြစ်ခံမှာမဟုတ်ဘူး။

လင်းရွှမ်အဲ့တာကိုပြောလိုက်တဲ့အချိန်မှာ သူ့ပုံစံက ဘယ်လောက်တောင်ကြောက်ဖို့ကောင်းနေလဲမသိပေမဲ့ လင်းယန်ကတော့ ထိုပုံကိုမြင်ပြီး ထိတ်လန့်သွားခဲ့တယ်။ သူ့ရင်ထဲမှာလဲမားမားလင်ကို သတိထားပြီးနေရမယ်လို့ အလိုလိုခံစားမိလာသည်။

ယွင်အိမ်ရဲ့တံခါးပေါက်တွေကို ပိတ်ပြီးတဲ့နောက် လင်းရွှမ်ကသူ့စကားအတိုင်း လုပ်ခဲ့သည်။ နောက်တစ်နေ့မှာမားမားလင်နဲ့လင်းယန်ကိုခေါ်ပြီး ယွင်အိမ်တော်ကိုသွားကာ
ချဲအာကိုတော့ အိမ်တော်ထဲမှာပဲနေခိုင်းခဲ့သည်။ မားမားလင်ရဲ့စိတ်က အလွန်ကောက်ကျစ်တယ်။ ဦးလေးဟယ်အလုပ်လုပ်တဲ့နေရာမှာ မားမားလင်မဟုတ်တဲ့ဉာဏ်နီဉာဏ်နက် လှည့်ကွက်တွေသုံးပြီး နှောင့်ယှက်နေမှာစိုးလို့ သူ့ကိုပါတမင်တကာ ခေါ်လာလိုက်သည်။

မားမားလင်မြင်းလှည်းအရှေ့မှာထိုင်နေရင်း ပတ်ပတ်လည်ကိုကြည့်နေပေမဲ့ လမ်းတစ်လျှောက်လုံး အခွင့်အရေးသေးသေးလေးတောင်ရှာမတွေ့ပေ။

သူတို့ယွင်အိမ်တော်ကို ရောက်တဲ့အချိန်မှာ ယွင်ပေါ်ကတံခါးပေါက်နားမှာ သူတို့ကိုစောင့်နေသည်။

'' နောက်ဆုံးတော့ ရောက်လာပြီပဲ။ နင်သာ ခဏနေလို့မှ ရောက်မလာသေးရင် ငါကိုယ်တိုင် ယွင်အိမ်ကိုလာတော့မလို့ လုပ်နေတာ '' ညီအစ်မနှစ်ယောက်လုံး ရောက်လာတာကိုတွေ့တော့ ယွင်ပေါ်ကနည်းနည်းစိတ်မရှည်သလိုပြောတယ်။

'' အခုရောက်လာပြီမလား? ''လင်းရွှမ်အသာပြုံးကာ ယွင်ပေါ်ကိုမျက်စိတစ်ဖက်မှိတ်ပြလိုက်တယ်။ ထို့နောက် အစ်မကြီးတစ်ယောက်လိုမျိုး လင်းယန်ရဲ့လက်ကိုဆွဲကာ အထဲကိုဝင်သွားလိုက်သည်။

မားမားလင်ထွက်သွားဖို့ အခွင့်အရေးရှာလိုက်တယ်။ အကြီးဆုံးသခင်မလေး ယွင်အိမ်တော်နဲ့စကားပြောမယ်ဆိုရင် ကျိန်းသေပေါက်အချိန်ကြာမှာပဲ။ သို့ပေမဲ့ သူပါးစပ်တောင်မဟရသေးဘူး လုပ်စရာအလုပ်ကပေါ်လာတာကြောင့် သူ့မှာခိုးထွက်ဖို့အချိန်တောင်မရလိုက်ဘူး။

The Ultimate Business Lady [Myanmar Translation ]Hikayelerin yaşadığı yer. Şimdi keşfedin