Chapter 48

3.5K 494 4
                                    

Unicode

Ch-48 အမှားနဲ့အမှန်

'' ကျွေးထားနိုင်သေးတယ် ဟုတ်လား? ''
ယွင်ပေါ် ခေါင်းတခါခါဖြင့် ရေရွတ်လိုက်တယ် '' အကြီးဆုံးအစ်ကိုက စာပေကိုနှစ်သက်တယ်ဆိုတာ အမှန်ပဲ။ ဒါမဲ့ သူ့စိတ်သဘောထားက အကြီးဆုံးဦးလေးလိုပဲ။ စိတ်ဓာတ်ကတော့ ဖြောင့်မတ်ပေမဲ့ သတ္တိတော့မရှိဘူးလေ။ ကျွန်တော်တို့ ညီအစ်ကိုတွေကလဲ စိတ်တဝမ်းတည်းမရှိဘဲ အကြီးဆုံးအစ်ကို နန်းတွင်းညီလာခံထဲကို အရာရှိအဖြစ်ဝင်ပြီး ယွင်အိမ်ရဲ့အနာဂတ်ကို ထောက်ပံ့ပေးတာကိုပဲ မှီခိုနေရမှာလား? အဲ့တာက အဆင်ရောပြေမှာလား? နန်းမြို့တော်မှာ ကျွန်တော်တို့တွေကိုယ့်ခြေထောက်နဲ့ကိုယ် ရပ်တည်နိုင်ပါ့မလား? ''

သူနောက်ဆုံးစာကြောင်းကို ပြောတဲ့အချိန်မှာ
အသံကပုံမှန်ထက်ပိုကျယ်သွားပြီး အဲ့အချိန်မှာပဲ သူဒီတစ်ချိန်လုံး အလေလိုက်နေမိပါလားဆိုတာကို သဘောပေါက်သွားတယ်။

ယွင်ယွီက ထူးထူးဆန်းဆန်းစိတ်လှုပ်ရှားနေတဲ့ ယွင်ပေါ်ကိုကြည့်ရင်း မှင်တက်သွားမိသည်။ သူကယွင်ပေါ်ကို နည်းနည်းလောက် ဆူမလို့လုပ်လိုက်ပေမဲ့ သူပြောတဲ့စကားတွေကြောင့် အံ့သြသွားတယ်။

'' မင်း..... မင်းဘာပြောဖို့လုပ်နေတာလဲ? '' ဘာလို့ သူရဲ့ငြိမ်သက်နေတဲ့ဘဝလေး ပျက်စီးတော့မလို့ခံစားနေရတာလဲ?

'' ကျွန်တော် ဟွားဝူဂေဟာကနေထွက်လာတော့ ဘယ်ကိုသွားလဲသိလား? ''

'' မင်းဘယ်သွားလို့လဲ? '' ယွင်ယွီပြန်မေးလိုက်တယ်။

'' ကျွန်တော် ယွင်အိမ်ကိုသွားခဲ့တယ် ''
အစပိုင်းမှာတော့ ယွင်အိမ်တော်နဲ့ယွင်အိမ်က ကွာခြားချက်မရှိဘူး။ ဒါပေမဲ့ စတုတ္ထဦးလေးရဲ့တဒင်္ဂ​ဒေါသကြောင့် သူတို့ရဲ့ဆက်ဆံရေးက နန်းမြို့တော်မှာ အနည်းငယ်ထူးဆန်းနေတယ်။ သတ္တိကြောင်တဲ့သူ့ကိုယ်သူတွေးမိတော့ ယွင်ပေါ်ခါးသက်သက်ပြုံးလိုက်မိ၏။

'' ယွင်အိမ်? မင်း ယွင်လင်းရွှမ်နဲ့ ယွင်လင်းယန်ကို သွားအနိုင်ကျင့်ပြန်ပြီလား? '' သူစိတ်အရင်းခံကိုက မိန်းကလေးတွေအပေါ်မှာ ညှာတာတတ်တာမလို့ မိန်းကလေးတွေကို အနိုင်ကျင့်တာကို အထင်သေးပြီးတော့
ယွင်ပေါ် ယွင်အိမ်ကညီအစ်မနှစ်ယောက်ကို အနိုင်ကျင့်နေတာကိုလဲ သူသဘောမကျဘူး။ ဒါကြောင့် သူတဲ့တိုးပဲသတိပေးလိုက်တယ်
'' မင်းစိတ်ဆိုးနေရင်တောင်မှ သူတို့ညီအစ်မကို သွားပြီးပြဿနာရှာနေလို့မရဘူး။ စတုတ္ထဦးလေးနဲ့ဒေါ်လေးတို့က ကွယ်လွန်သွားပြီ။ မင်းသူတို့ကို အနာဂတ်မှာကာကွယ်မပေးနိုင်ရင် ​နောက်ကျရင်သူတို့တွေနာကျည်းနေလိမ့်မယ် မဟုတ်ဘူးလား? ''

The Ultimate Business Lady [Myanmar Translation ]Where stories live. Discover now