Unicode
Ch-52 စိုးရိမ်ထိတ်လန့်ခြင်း
'' ပဉ္စမအစ်ကို အခြေအနေဘယ်လိုလဲ? ''
ယွင်ပေါ်ရဲ့အရမ်းကိုစိတ်ကျေနပ်နေတဲ့မျက်နှာကိုမြင်တော့ လင်းရွှမ်ပြုံးကာမေးလိုက်သည်။ယွင်ပေါ်ကိုတွေ့ဖို့ လင်းရွှမ် မားမားလင်ကို တခြားကိစ္စတွေခိုင်းပြီး နှင်ထုတ်ထားတယ်။ မားမားလင်တော့ စိတ်ဆင်းရဲနေတော့မယ်။
'' အဆင်ပြေတယ် '' ယွင်ပေါ်ရဲ့မျက်နှာက စိတ်ကျေနပ်မှုအပြည့်ပဲ။ ဒီဟာက သူလုပ်ခဲ့သမျှကိစ္စတွေထဲမှာ အကျိုးအရှိဆုံးပဲ။
လင်းရွှမ်ကအပြုံးခပ်ရေးရေးဖြင့်
'' အို...ဒါဆို နားထောင်ကြည့်ရအောင် ''အရင်ဘဝတုန်းက ရှန့်ကွမ်ယန်လန်က ယွင်အိမ်ကိုရောက်လာပြီး ရူနန်အိမ်တော်ကရှောင်ကျွင်းကျူ*ရဲ့မွေးနေ့ပွဲကိုသွားဖို့ လာဖိတ်တယ်။ ယွင်လင်းရွှမ်ကို ကျေးဇူးမသိတတ်တဲ့သမီးဆိုပြီး လူတိုင်းကဝိုင်းလှောင်အောင်လုပ်တယ်။ မိဘတွေဆုံးသွားတာ တစ်လတောင်မကြာသေးဘူး လင်းရွှမ်ဟာ သားသမီးဝတ္တရားနည်းနည်းလေးတောင်မရှိဘဲ အပျော်အပါးမက်နေတယ်ဆိုပြီး ဝိုင်းသမုတ်တာတွေခံခဲ့ရတယ်။ အဲ့လိုလူမျိုးကိုဘယ်သူကမှ သည်းမခံနိုင်ကြဘူးလေ။
[Junzhu(ကျွင်းကျူ) - ပထမအဆင့်မင်းသား (qinwang)ရဲ့ကြင်ယာတော်ကနေ မွေးဖွားလာတဲ့သမီးကို ပေးတဲ့ဘွဲ့ပါ တတိယအဆင့်။
heshuo gongzhu(ဟယ်ရှို့ကုန်းကျူ - ကွေ့ဖေးကနေမွေးဖွားတဲ့သမီးကို ပေးတဲ့ဘွဲ့ ဒုတိယအဆင့်။
gulan gongzhu(ကုလန်ကုန်းကျူ - မိဖုရားခေါင်ကြီးကနေမွေးဖွားတဲ့သမီးကိုပေးတဲ့ဘွဲ့ ပထမအဆင့်။][T/N- ကိုယ်က eng ကနေ tran တာပါ တရုတ်စာလဲ မသိပါဘူး။ ဒါက ကိုယ်သိသလောက်ပဲ ရေးထားတာပါ အမှားရှိရင် လာပြောလို့ရပါတယ်]
ဒီဘဝမှာလဲ ရှန့်ကွမ်ယန်လန်က သူရဲ့နည်းဟောင်းတွေကိုအသုံးချဖို့ လုပ်နေတုန်းပဲ။ ဒါမဲ့ လင်းရွှမ်ကတော့ပါးနပ်စွာ တိမ်းရှောင်လိုက်တယ်။ သို့ပေမဲ့ ရှန့်ကွမ်ယန်လန်ကို လက်ဆောင်ပြန်မပေးရသေးဘဲ ဒီတိုင်းရှောင်နေမယ်ဆိုရင် လင်းရွှမ်ကိုသူတို့စိတ်တိုင်းကျ အနိုင်ကျင့်လို့ရတဲ့သူလို့ ထင်သွားမှာပေါ့။ ဒါကြောင့် ရှန့်ကွမ်ယန်လန်ဆီကို လက်ဆောင်အကြီးကြီးပို့ပေးဖို့ သူယွင်ပေါ်ကိုအကူအညီတောင်းထားတယ်။
![](https://img.wattpad.com/cover/279507739-288-k176147.jpg)
YOU ARE READING
The Ultimate Business Lady [Myanmar Translation ]
RomanceOriginal Author - Lan Mei Gui 懒玫瑰 Original Publisher - readnovel This story is not my own.This is just for Fan Translation. Full credit to The ORIGINAL AUTHOR and English Translators. Starting date - 29/8/21 Both Unico...