Chapter 59

3K 436 7
                                    

Unicode

Ch-59 မျက်နှာပျက်မခံနိုင်ခြင်း

'' အမေ တကယ်လို့ စစ်သူကြီးချုပ်မုန့်ယီက တကယ်ပဲ သူ့ကိုစောင့်ရှောက်ပေးမယ်ဆိုရင် ယွီအာစစ်တပ်ထဲဝင်ဖို့ကိစ္စက မဆိုးဘူးလို့ ကျွန်တော်ထင်တယ် '' အကယ်၍သူသာ ရဲရင့်တဲ့လုပ်ရပ်ကို စွမ်းဆောင်နိုင်ခဲ့ရင် ယွင်အိမ်တော်အတွက် ကြီးမားတဲ့စွမ်းဆောင်မှုလို့ သတ်မှတ်လို့ရသည်။

သခင်မကြီးယွင်ခဲ့ရဲ့စိတ်ထဲမှာလဲ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ စစ်သူကြီးချုပ်မုန့်ယီက တုံ့ယန်ပြည်ထောင်စုရဲ့စစ်နတ်ဘုရားဆိုတာကို မသိတဲ့သူဘယ်သူရှိလဲ! ယနေ့အချိန်ထိတိုင်အောင် သူရဲ့တည်ရှိမှုတစ်ခုတည်းက တုံ့ယန်ပြည်ထောင်စုတစ်ခုလုံး လုံခြုံအေးချမ်းပြီး စည်ပင်သာယာစေတဲ့အထိ သက်ရောက်မှုရှိတယ်။

'' ရွှမ်အာ မင်းအမေက ဆုံးပါးသွားပြီ အဲ့တာ...တကယ်လို့ စစ်သူကြီးချုပ်မုန့်ယီက ဒီကိစ္စကို အသိအမှတ်မပြုရင် ဘယ်လိုလုပ်မလဲ? '' သခင်မကြီးယွင်ခဲစိတ်ပူတာက အဲ့တာပဲ။

'' အဘွား စိတ်မပူပါနဲ့။ အဘွားရွှမ်အာကို ယုံတယ်ဆိုရင် ရွှမ်အာစာတစ်စောင်ရေးလိုက်ပြီး သူ့ဆီပို့ခိုင်းလိုက်မယ်လေ။ အဲ့တာဆို အဆင်ပြေမလား '' လင်းရွှမ်ကတော့ ဒါကိုသိပ်ကိုသေချာတယ်။ ဘာကြောင့်လဲဆိုတော့ အရင်ဘဝတုန်းက သူမအဲ့ကိစ္စကိုမတော်တဆ ပြောထွက်မိသွားတော့ စစ်သူကြီးချုပ်မုန့်ယီက တွေဝေမှုတစွန်းတစလေးတောင်မရှိဘဲ မဆိုင်းမတွသဘောတူခဲ့သည်။ သူမ့အမေကိုပေးခဲ့တဲ့ကတိစကားကို သူ့ရင်ထဲမှာမှတ်ထားတုန်းပဲဆိုတာ ထင်ရှားသည်။ ဒါ့ကြောင့်ပဲ သူမကအခုလိုယုံကြည်ချက်ရှိရှိနဲ့ ယွင်အိမ်တော်ကလူတွေကို ဒီလိုစကားတွေထုတ်ပြောရဲတာဖြစ်သည်။

လင်းရွှမ်ဆီကဒီလိုစကားတွေ ကြားလိုက်ရတော့ ဘယ်သူမှမကန့်ကွက်ကြတော့ဘူး။ အကယ်၍ယွင်ယွီကအနာဂတ်မှာ ရဲရင့်တဲ့လုပ်ရပ်တွေကို မစွမ်းဆောင်နိုင်ခဲ့ရင်တောင် စစ်သူကြီးချုပ်မုန့်ယီရဲ့လက်အောက်ငယ်သားတစ်ယောက်ဖြစ်နေရုံနဲ့တင် ထူးချွန်တဲ့ကိစ္စရပ်ဖြစ်နေပြီ။

The Ultimate Business Lady [Myanmar Translation ]Where stories live. Discover now