Chapter 41

3.4K 467 4
                                    

Unicode

Ch-41 ယွမ်မိသားစု၏အကြီးအကဲနေရာ

လင်းရွှမ် ရှန့်ကွမ်မိသားစုရောက်လာတာကို အံသြသွားပေမဲ့ အသင့်ပြင်ထားစရာရှိစရာအသင့်ပြင်ထားတာက ပိုကောင်းတယ်။

ခေါင်းကနေခြေဖျားအထိ ရိုးရှင်းပြီး ကျက်သရေရှိတဲ့အဖြူရောင်ဝတ်စုံကို ဝတ်ဆင်လျက် တောက်ပတဲ့အဆင်တန်ဆာတစ်ခုမှမဆင်မြန်းထားတဲ့ သူမ့ပုံလေးကပိုလို့တောင်သနားချင်စဖွယ်ဖြစ်နေ၏။

ချဲအာရဲ့အကူအညီနဲ့ လင်းရွှမ်ခန်းမဆီကို သွားလိုက်တယ်။ အဝေးကနေ သခင်မကျောက်ကို ဘေးကနေမားမားလင်ဖားနေတာကို လှမ်းမြင်ရတယ်။ ဘာတွေပြောနေမှန်းတော့မသိပေမဲ့ သူ့ပုံကအရမ်းကိုစိတ်လှုပ်ရှားနေတဲ့ပုံစံပဲ။ သူအနားရောက်သွားတော့ ရှန့်ကွမ်ယန်လန်ကသူလာတာကို မြင်သွားပြီး တစ်ခုခုကိုတိုးညင်းစွာပြောလိုက်သည်။ မားမားလင်ကချက်ချင်းပဲ သူမ့ကိုနောက်ပြန်လှည့်ကြည့်ပြီး တစ်ခုခုကိုစိုးရိမ်ပူပန်နေတဲ့ပုံစံနဲ့ ဘေးတွင်သွားရပ်လိုက်သည်။

လင်းရွှမ်အထဲဝင်လိုက်တော့ သခင်မကျောက်ကအိမ်ရှင်နေရာမှာ မိန့်မိန့်ကြီးထိုင်နေတာကို တွေ့လိုက်ရတယ်။
သူမ့မျက်လုံးတွေကိုမှေးကျဥ်းကာ အထဲကိုဟန်မပျက်ဝင်လိုက်သည်။

သူတို့တစ်မိသားစုလုံးက ဒေါသတွေထွက်နေကြတာကြောင့် လင်းရွှမ်အထဲဝင်လာတာတောင် အားလုံးတိတ်ဆိတ်နေကြသည်။
ရှန့်ကွမ်ယန်လန်ကအစကတည်းက သူ့အမေ ဘယ်မှာထိုင်နေလဲဆိုတာ သတိထားမိတာကြောင့် ဆူညံပွက်လောရိုက်နေတဲ့မြင်ကွင်းကိုမြင်ရဖို့ ဆုတောင်းနေတာ။ ယွင်လင်းရွှမ်က ခန်းမအလယ်မှာရပ်နေတာကို မြင်တော့ သူ(လင်းရွှမ်)က သူ့အမေကိုအရိုအသေပေးမှာလားဆိုတာ သိချင်မိတယ်။

ယွင်အိမ်မှာ သခင်ဖြစ်တဲ့ယွင်လင်းရွှမ်က သူ့အမေကိုဂါရဝပြုခဲ့ရင် အဲ့တာကသူ့ကိုယ်သူ နှိမ့်ချသလို ဖြစ်သွားလိမ့်မယ်။ ဒါပေမဲ့ သူ့အမေကို လင်းရွှမ်ဂါရဝမပြုရင်တော့ အကြီးတစ်ယောက်အနေနဲ့ လူကြီးသူမတွေအပေါ်ရိုသေဖို့ ဆုံးမလို့ရတယ်။

ရှန့်ကွမ်မိသားစုက လင်းရွှမ်ဘယ်လိုမျိုးတုံ့ပြန်မလဲဆိုတာကို ထူးဆန်းတဲ့အကြည့်တွေနဲ့ကြည့်နေကြသည်။

The Ultimate Business Lady [Myanmar Translation ]Where stories live. Discover now