Chapter 47

3.6K 497 7
                                    

Unicode

Ch-47 အလေလိုက်ခြင်း

ယွင်အိမ်က သူ့ဂုဏ်သိက္ခာနဲ့သူနေကြတဲ့သူတွေပဲ။ အမှန်တော့ သခင်မကြီးယွင်ခဲရဲ့လုပ်နည်းကိုင်နည်းတွေကို တချို့သောလူတွေကသဘောမကျကြဘူး။ ဥပမာပြောရရင် ယွင်အိမ်တော်ရဲ့အကြီးဆုံးသခင်လေး ယွင်ချီပဲ။ သူကစာသင်သားဖြစ်တာမလို့ ကိုယ်ကျင့်သိက္ခာကိုလက်ကိုင်ထားတဲ့သူ။ အစကတည်းက ယွင်ပေါ် ချမ်းသာတဲ့အိမ်တွေကသခင်လေးတွေနဲ့ ပေါင်းနေတာကို သူသဘောမကျခဲ့ဘူး။ ဒါပေမဲ့ သူ့အဘွားရဲ့သဘောထားကြောင့် သူဘာမှမပြောခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် သူတို့အဘွားက သူတို့ကောင်းဖို့အတွက်လုပ်တာပဲလေ။

နောက်ပြီး သိုင်းပညာကိုနှစ်သက်တဲ့ ယွင်အိမ်ရဲ့ဒုတိယသခင်လေး,ယွင်ယွီလဲပဲ အဲ့တာကို သဘောမကျဘူး။ သူအဲ့ကိစ္စကို သေသေချာချာရှင်းချင်ပေမဲ့လဲ မအောင်မြင်ခဲ့ဘူး။ ယွင်ပေါ်လိုမျိုး ယွင်အိမ်တော်ရဲ့ သိက္ခာကိုချတဲ့လူမျိုးတွေကို သူအထင်သေးတယ်။

'' အဲ့လိုဆိုရင်လဲ ဘာလို့အိမ်ကို စောစောပြန်မလာတာလဲ? နေမကောင်းလို့လား? အဘွားနဲ့ တတိယဒေါ်လေးတို့ သေမတတ်စိတ်ပူနေတာကို မင်းမသိဘူးလား? '' ယွင်ယွီကရိုးသားပွင့်လင်းတဲ့ စိတ်သဘောထားရှိပြီး
ယွင်အိမ်တော်တစ်ခုလုံးမှာ ဘွင်းဘွင်းရှင်းရှင်းနဲ့အဖြောင့်မတ်ဆုံးက ယွင်ယွီပဲ။ သူပျော်ရင်ပျော်တယ် ဝမ်းနည်းရင် ဝမ်းနည်းတယ်။ သူ့စိတ်ကိုအကြည့်တစ်ချက်နဲ့တင် ခန့်မှန်းလို့ရတယ်။ သူရဲ့အဲ့ဒီစိတ်ကြောင့်ပဲ သူ့အမေ,သခင်မဖေးက အရမ်းစိတ်ပူနေရတာ။

ဒီလိုစိတ်မျိုးနဲ့သာ သူများလက်ထဲရောက်သွားရင် သူ့ဘဝအဆုံးသတ်သွားမှာပေါ့။

အဲ့တာကြောင့် သူမနဲ့သခင်မကြီးက သူရဲ့စစ်တပ်ထဲဝင်ပြီးစစ်တိုက်ချင်တဲ့ဆန္ဒကို အပြင်းအထန်ကန့်ကွက်နေကြတာ။ ကံမကောင်းစွာနဲ့ပဲ ယွင်ယွီက အကြီးတွေရဲ့သောကတွေကို သတိမထားမိတာကြောင့်
အမြဲလိုလိုစိတ်ညစ်နေခဲ့တာ။

'' ပေါ်အာ မင်းဒုတိယအစ်ကိုပြောတာ မှန်တယ်.. မင်းဘယ်တွေသွားနေတာလဲ? '' သခင်မကျန်းလဲ အဲ့တာကိုတွေးမိလို့ စိတ်ပူစွာမေးသည်။

The Ultimate Business Lady [Myanmar Translation ]Where stories live. Discover now