(U)
Ep(1) Highlight~
ဖြူနုနု အကောင်ပေါက်လေးကို
လှမ်း၍ သိုင်းဖက်လိုက်သော သင်း(ဒင်း)က ဘယ်သူများလဲ။✰♪✰♪✰♪
လူတွေတော်တော်များများက
ဒီမိက်ကပ်ပြင်တဲ့အခန်းမှာ ယောက်ယက်ခတ်ပြီး အလုပ်တွေရှုပ်နေကြသည်။
အဖြူရောင်ဂါဝန်ရင်ပြတ်ကို
သေးသွယ်တဲ့သူ့ရဲ့ခန္ဒာကိုယ်မှာ ဝတ်ဆင်ထားပြီး
ခေါင်းတွင်လည်း အနက်ရောင်ကုပ်ဝဲဆံပင်အတုကို တပ်ဆင်ထားရသေးသည်။
ရင်ဘက်ကို ဖုဖောင်းဖောင်းဖြစ်အောင် ထည့်ဝတ်ထားရတဲ့
အတုတန်ဆာပလာတွေကြောင့် အလင်္ကာဝေရဲ့ကိုယ်လေး တွန့်လိမ်ကာ ယားကျိကျိဖြစ်နေရသည်။
ဆိုးလိုက်တာ ဒီပွဲကြီး အမြန်ပြီးမှပဲ!အလင်္ကာ မှန်ရှေ့မှာသာ ငြိမ်ငြိမ်လေးထိုင်နေပြီး ဖြတ်သွားဖြတ်လာနဲ့သူ့ကို နှုတ်ဆက်သွားသူတွေကို ပြုံးပြခြင်းဖြင့်သာ တုံ့ပြန်လိုက်သည်။
"ကျစ်"အလင်္ကာ ကျစ်စုပ်ကာ တစ်ယောက်တည်းပြောလိုက်သည်။ "သစ်ထင်တို့သုံးကောင် ဘယ်သွားနေကြတာလဲ"
သစ်ထင်ရောင်၊ မိငယ်နဲ့ သိမ့်သိမ့်တုံတို့ဆိုတာ အလင်္ကာနဲ့ ဘယ်တော့မှ ခွဲလို့မရတဲ့ သူငယ်ချင်းတွေဖြစ်သည်။
အဲ့အချိန် ကိုယ်မျှော်တဲ့လူက မလာဘူး
မမြင်ချင်တဲ့လူက ရောက်လာပါပြီ။
အလင်္ကာ ညကကြည့်လက်စAnimeကားကို
ဖုန်းဖွင့်ကာ ဆက်ကြည့်နေတုန်း ဘေးမှာ လူတစ်ယောက်လာရပ်နေတာကို သတိထားလိုက်မိသည်။
အနံ့မစူးဘဲ ပြင်းတဲ့ရေမွှေးနံ့ကို ရလိုက်တည်းက ဘယ်သူလဲဆိုတာ အလင်္ကာ သိလိုက်ပြီ။လက်ထဲက ဖုန်းကိုချလိုက်ပြီး အရှေ့ကမှန်ထဲကနေပဲ တစ်ဖတ်လူကို မော့ကြည့်လိုက်သည်။
"ခွေးသူခိုး တစ္ဆေကောင်"
အလင်္ကာက နီရဲနေတဲ့ဆိုးဆေးလိမ်းထားတဲ့ နှုတ်ခမ်းလုံးလုံးလေးကို ဟရင်း ဆဲဆိုပေးလိုက်တော့
အရှက်မရှိတဲ့ တစ္ဆေကောင်က သူ့ရဲ့မူရင်းပုံစံဖြစ်တဲ့
ခက်ထန်မာကျောမှုကို ပြောင်းပြန်လှန်ပစ်ကာ
ချစ်စရာပုံစံအသွင်ကို ဖမ်းလျက် သွားတို့ပေါ်ကာ ရယ်ပြသည်။"အချစ်က ချစ်စရာလေး"
မြဲတစေ ပြုံးရင်းနဲ့ပဲ ပြောလိုက်သည်။
အခန်းထဲကလူတွေက ယွစိယွစိနဲ့ တိုးတိုးလေးပြောကြရင်း အပြင်ကို ချက်ချင်းထွက်သွားကြသည်။
