နောက်မှပဲ စာလုံးပေါင်းတွေ စစ်တော့မယ်🤧
(U)
Ep(45)Highlight~
မြဲတစေနဲ့ပတ်သတ်ပြီး နှင်းဆီတို့မှာလည်း
ပိုင်ဆိုင်ခွင့်ရှိတယ်✰♪✰♪✰♪
ညနေခြောက်နာရီလောက် ရောက်တဲ့အချိန် တစေလည်း Hotelသို့ ပြန်ဖို့ပြင်တာ့သည်။
ကင်းကလည်း နန်းရိပ်မြေကို နေ့လည်ကတည်းက ချက်ချင်းပြန်သွားသည်မို့ Hotelမှာ တစေတစ်ယောက်တည်း တည်းခိုရမည်။
ဒါကိုသိတဲ့ ဒေါ်ဝေနှင်းဆီက စိတ်မချလို့ အိမ်မှာပဲ ညအိပ်ဖို့ ပြောသည်။
ဒါပေမယ့် နေ့လည်လောက်က ဖြစ်ပျက်ခဲ့တဲ့ကိစ္စကို သိတဲ့စန္ဒာကတော့ မအိပ်စေချင်ဘူးဖြစ်နေသည်။
သူ့မောင်ကို တစေနဲ့သဘောတူတယ်ဆိုပေမယ့် နေ့လည်က အဖြစ်အပျက်လိုမျိုးတော့ အဆင့်ကျော်မတက်စေချင်သေးဘူး။
ဒါကြောင့် စန္ဒာက Hotelပြန်ဖို့ကိုပဲ ဆော်ဩနေတော့သည်။တစေကလည်း ဒေါ်ဝေနှင်းဆီကို စကားသေချာပြောပြီး Hotelသို့ ပြန်ခဲ့လိုက်သည်။
မရီးလေးကြောင့်မို့လို့သာပေါ့။ မဟုတ်ရင် ဒီညတစ်ညလုံး သူ့ရဲ့ချစ်သူကောင်လေးကို ရင်ခွင်ထဲထည့်ပြီး သီချင်းဆိုသိပ်နိုင်မှာ။ညရောက်တော့ တစေက ထုံးစံအတိုင်း ခုတင်ပေါ်မှာ ငုတ်တုတ်ထိုင်ရင်း အလင်္ကာ့ကိုVideoCallလှမ်းခေါ်လိုက်သည်။
အလင်္ကာကတော့ တစောင်းလေးလှဲနေတဲ့အတိုင်း ဖုန်းကိုလက်ခံလိုက်ပြီး မျက်နှာပြင်မှာပေါ်လာတဲ့ တစေ့ကို မျက်လုံးတို့မှေးစင်းသွားသည်အထိ ရယ်ပြလိုက်သည်။
တစေ့ရင်ထဲ အရမ်းကိုကြည်နူးသွားပြီး ပြန်မရယ်ပြဘဲ မနေနိုင်ဖြစ်သွားသည်။
တစေနဲ့အလင်္ကာ VCခေါ်လျှင် အထွေအထူးစကားတွေ ပြောစရာမရှိရင်တောင် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း
ပြုံးပြနေတတ်ကြသည်။
အခုလည်း ဒီလိုပဲ နှစ်ယောက်လုံးဘာစကားမှမပြောဘဲ ပြုံးနေကြတာ နှစ်နာရီနီးပါးရှိနေပြီ။
နောက်ဆုံးမှာတော့ မျက်လုံးစင်းလုနီးပါးဖြစ်နေတဲ့ အလင်္ကာကို တစေကပဲ အရှုံးပေးလိုက်ရသည်။
အိပ်ခါနီးဖြစ်နေတဲ့ မျက်လုံးတွေကို အတင်းဖွင့်ထားရတဲ့ အလင်္ကာကို တစေ ပြုံးနေရင်းပဲမေးလိုက်သည်။
"အိပ်ချင်နေပြီမလား သီချင်းဆိုသိပ်မယ်လေ"