ကျွန်မချစ်သူ ဖူဂျိုရှီ

2.8K 196 13
                                    

(U)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


(U)

A/N~ ဒီSide Coupleလေးကို ဖတ်ရင် အချိန်တွေ ခုနှစ်တွေ တွက်ချက်တာ သည်းခံပါနော်
စိတ်ကူးယဥ်သက်သက်မို့လို့ပါ
ပြီးတော့ စာလုံးပေါင်း မစစ်ရသေးဘူး😝

{ကျွန်မချစ်သူ ဖူဂျိုရှီ}

ဝါး....သာယာချက်ပဲ။
လွန်ခဲ့တဲ့ကျောင်းပိတ်ရက်နှစ်ရက်က
ခြောက်ကပ်ကပ်နဲ့ စာလုပ်ရတာလွဲရင်
အိမ်ရှေ့ကနေ ဖြတ်သွားတဲ့ အဆင်တစ်ယောက်တောင် မရှိဘူး။
ဒီလို ကျောင်းပြန်ဖွင့်မယ့်ရက်ကို
စောင့်နေရတဲ့ စနေ၊ တနင်္ဂနွေဆိုတဲ့
ပြဿဒါးနှစ်ရက်က ရက်ပေါင်းနှစ်ရာလို ရှည်ကြာလွန်းသည်...။

မှန်းစမ်း။ ဘယ်မလဲ အဆင်တွေ။
ဆေးကျောင်းသားလေးတွေက တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီး ချောလာကြသည်။
ငါတို့နောက်ဆုံးနှစ်က ကျောင်းသားကြီးတွေနဲ့ ဂျူနီယာဆေးကျောင်းသားလေးတွေနဲ့ အဟိဟိကြရင်ဖြင့်...။

နေစမ်းပါဦး။ အခုစာသင်နှစ်က စတာပဲ တစ်လကျော်နေပြီ။
ဘာလို့အတွဲတစ်တွဲမှ မပေါ်လာကြသေးတာလဲ။
အရင်နှစ်ကဆို ကျောင်းဖွင့်ပြီးတစ်ပတ်ကြာတာနဲ့
ဟောတစ်တွဲ၊ ဟောတစ်တွဲနဲ့ ပေါ်လာကြတာပါ။

ဒီနှစ်က ကလေးတွေ လက်နှေးချက်ပဲ။

"မမ"

"ဟေ"
လှေကားပေါ်တက်ရင်း ကောင်လေးတစ်ယောက်က ရုတ်တရက်လာခေါ်သည်မို့ စန္ဒာအေးဝေ အတွေးတွေကို ရပ်ကာ ကမန်းကတန်းထူးမိသွားသည်။
ဘေးက ကောင်လေးကို လှည့်ကြည့်တော့ ထိုကောင်လေးက ရှက်ရွံ့နေသလို အနေအထားမှာ ရှိနေသည်။
"ဘာလဲ ရည်းစားစကားပြောမလို့လဲ"

"ဗျာ"

သူခိုးလူမိသလို လန့်ဖျန့်သွားတဲ့ ကောင်လေးက
ခေါင်းကို ဆက်ခနဲမော့ရင်း စန္ဒာ့ကို ငိုမဲ့မဲ့လေးစိုက်ကြည့်သည်။

တစ္ဆေအလင်္ကာ/တစၧေအလကၤာ(Completed)Where stories live. Discover now