32

5.8K 561 27
                                    

(U)

Ep(32) Highlight~
မမာနိုင်သော တို့ရဲ့အသည်းပေါ်....ခြေရာလေးများ ရှိနေဆဲပါ

✰♪✰♪✰♪

စာမေးပွဲဖြေဖို့ နှစ်ပတ်အလိုမှာ ကျောင်းတွေလည်း ပိတ်သွားခဲ့ပြီ။
ဘော်ဒါတွေနဲ့ကျူရှင်တွေသာဖွင့်တော့ပြီး အခန်းတွင်းစာကျက်ဝိုင်းတွေမှာ ပြန်လှန်လေ့ကျင့်ခန်းတွေလုပ်လာကြသည်။
ကျောင်းသားတွေအားလုံးရဲ့ စိတ်လှုပ်ရှားမှုက ပြောပြမတတ်အောင်ကို ဖြစ်နေကြသည်။
သူတို့တစ်နှစ်ပတ်လုံး ကြိုးစားခဲ့သမျှအတွက် နောက်ဆုံးအဆင့် ထုတ်ပြရမည့် အခိုက်အတန့်ဖြစ်သည်။

အလင်္ကာနဲ့တစေလည်း အရင်လို စာအတူတူမလုပ်ဖြစ်ကြတော့ဘူး။
အလင်္ကာက တစ်ယောက်တည်းလုပ်ရတာ ကြိုက်သူမို့ သူ့ဟာသူတစ်သီးတစ်သန့်တည်းနေကာ စာလုပ်သည်။
ညအိပ်ချိန်တွေမှာ တစေနဲ့အတူအိပ်ပြီး မနက်အိပ်ယာထချိန်တွေကို တစေနဲ့အတူ ထသည်။
ဒါတွေက သူ့ရဲ့မပြတ်သားမှုတွေကို ပိုပြီးသေချာစွာ အဖြေထုတ်နိုင်စေခဲ့တယ်။
တစေ မရှိဘဲ နောက်ပိုင်းမှာ သူတစ်ယောက်တည်းတောင် အိပ်နိုင်ပါတော့မလားလို့ တွေးရင်း သူစိုးထိတ်မိနေသည်။
သူ....တစေ့ကို ချစ်နေတယ်ဆိုတာ လုံးဝကိုသေချာသွားပြီ။

စာမေးပွဲ ပထမတစ်ရက်......။
ကျောင်းသားတွေအားလုံး ကျောင်းကနေ စီစဥ်ပေးတဲ့ အဆောင်ယတြာကို အသီးသီးကိုင်ဆောင်ပြီး စာမေးပွဲခန်းထဲသို့ ဝင်သွားကြသည်။
ငါးဘာသာတိတိဖြေဆိုပြီးတဲ့နောက်မှာ အားလုံးရဲ့စိတ်တွေ ပေါ့ပါးသွားကြပြီ။
နောက်ဆုံးတစ်ဘာသာအတွက် ကျန်ရှိနေတဲ့အချိန်တွေအားလုံးကို သုံးကာ အစွမ်းကုန်ဖြေဆိုကြရမည်။
အဲ့နေ့ အလင်္ကာ စာမေးပွဲခန်းထဲမဝင်ခင်မှာ တစေ မှာလိုက်တာတစ်ခုရှိသည်။
"အဆောင်အောက်မှာ စောင့်နေမယ်"
ဆိုလိုတာက သူ့ကိုအလင်္ကာ အဖြေပေးရတော့မယ်ပေါ့။
တစေ့ရဲ့ပုံစံက စာမေးပွဲထက် အလင်္ကာ့အဖြေကို ပိုပြီးစိတ်လှုပ်ရှားနေပုံပေါ်သည်။
အလင်္ကာကတော့ သူ့ရဲ့စိတ်ထဲမှာ ရှိနေတဲ့ တိကျတဲ့အဖြေတစ်ခုအတွက် အတော်လေးပျော်ရွှင်နေပုံရသည်။
နောက်ဆုံးတော့ တစေ့ကို သူအဖြေပြန်ပေးရတော့မယ်။
အလင်္ကာ စာမေးပွဲခန်းထဲဝင်၍ ထိုင်ခုံပေါ်မှာ ထိုင်လိုက်ရင်း လက်ခလယ်ကလက်စွပ်လေးကို ချွတ်လိုက်သည်။
အဲ့နောက် လက်သူကြွယ်မှာ ပြောင်းစွပ်လိုက်သည်။
သူ...တစေ့ကို ချစ်သည်။

တစ္ဆေအလင်္ကာ/တစၧေအလကၤာ(Completed)Onde histórias criam vida. Descubra agora