8

9.5K 905 26
                                    

(U)

Ep(8)Highlight~
"ဒါဆို မင်းကိုယ်မင်း သေအောင်ရိုက်သတ်လိုက်"

✰♪✰♪✰♪

မမလေး ပြန်ထွက်သွားတော့မှ အရှေ့က လူယုတ်မာကောင်ကို
အပေါ်အောက်သွားချင်းတိုက်ကာ မျက်စောင်းထိုးပစ်လိုက်သည်။
"မင်း ဘာလို့လိမ်ပြောရတာလဲ"

"ချစ်လို့"

ဟမ်?
အလင်္ကာ့မှာတော့ ဒေါသတွေ အလိပ်လိုက်ထွက်ပြီး
ရန်တွေ့ပစ်မည်ဟု သတ္တိမွေးထားပြီးမှ
သူ့ဆီက ပြန်လာတဲ့ စကားက အဲ့နှစ်လုံးတည်းလား။
တစေက ပြောပြီးပြီးချင်း သူ့အရှေ့က ပန်းကန်နှစ်ချပ်ကို
ကိုင်ကာ ကောင်တာမှာ သွားပြန်ထားလိုက်သည်။
ပြီးတော့ အလင်္ကာ့ဆီပြန်လာပြီး
"မုန့်ဈေးတန်းဝင်ဦးမလား အတန်းကိုပြန်မလား"

"အတန်းပဲပြန်မယ်"

သူနဲ့ဘာကိစ္စ မုန့်ဈေးတန်းသွားရမှာလဲ။
ဆုတောင်းလေ။
တစ်ဖတ်ဝိုင်းက သစ်ထင်တို့ သုံးယောက်ကလည်း
အလင်္ကာတို့ နှစ်ယောက်ကို တစ်ချက်တစ်ချက်
လှမ်းအကဲခတ်နေကြသည်။
သူတို့ရဲ့ သူငယ်ချင်းက အေးဆေးသမားပါ။
တစ်ယောက်ယောက်နဲ့ ပြဿနာဖြစ်မှာကို
အကြောက်ဆုံးလူ။
အဲ့ဒါကို တစေက အခွင့်ကောင်းယူပြီး
အနိုင်ကျင့်နေတယ်ဆိုတာ
သူတို့အားလုံးရိပ်မိကြသည်။
ဒါပေမယ့် သူတို့နားမလည်နိုင်တာက
တစေက ဘာလို့ အလင်္ကာ့ကို အချစ်လို့ ခေါ်လဲဆိုတာကိုပဲ။
တစေက ဂေးလို့လည်း သူတို့ မကြားဖူးခဲ့ကြပါ။
အလင်္ကာကလည်း ထိုအကြောင်းနဲ့ပတ်သတ်ပြီး
ထူးထူးခြားခြားပြောပြခဲ့ဖူးတာ
မရှိခဲ့။

အလင်္ကာ့ကိုပဲ မျက်စေ့ကျွတ်ကျမတတ်
ကြည့်နေပြီး ဘယ်သူမှ မမြင်ဖူးကြတဲ့
အပြုံးချိုချိုတွေ စွတ်ကျွေးနေတဲ့ တစေကို
ထမင်းစားခန်းထဲက ကျောင်းသားကျောင်းသူ အားလုံးအဆန်းတကျယ် မြင်တွေ့နေကြသည်။

ထမင်းစားခန်းတစ်ခုလုံးက လူတွေရဲ့
အကြည့်နောက်ကို Graceလင်းက လှမ်းကြည့်မိတော့
သူသည်လည်း ရင်ထဲတွင် ဆန်းပြားတဲ့ လှိုင်းတစ်ခုရိုက်ခတ်ခြင်းကို
ခံလိုက်ရသည်။
တစေကို မျက်တောင်တစ်ချက်မခတ်ဘဲ ငေးကြည့်နေရင်းမှ
ပါးစပ်က လွှတ်ခနဲ ထွက်သွားသော မေးခွန်းတစ်ခုက
"သူက ဘယ်သူလဲ"တဲ့။

တစ္ဆေအလင်္ကာ/တစၧေအလကၤာ(Completed)Unde poveștirile trăiesc. Descoperă acum