(U)
Ep(20)Highlight~
ချစ်ရသူကောင်လေးနဲ့ ငါးရက်တာခွဲရလို့ လွမ်းနာကျပြီး သေတဲ့မသာ✰♪✰♪✰♪
သူတို့နှစ်ယောက်လုံးရဲ့ ကိုယ်လုံးတွေ ပူးကပ်နေချိန်မှာ
အလင်္ကာ မသိမသာလေး မျက်လုံးကို မှိတ်ချလိုက်သည်။
အဲ့အခါ ပြည့်လျှံနေတဲ့ အရည်ကြည်လေးတွေလည်း
ပါးပြင်ပေါ်ကို အိုင်ကျလာတော့၏။တစေကလည်း ကောင်လေးရဲ့ ကိုယ်လေးကို
မလွှတ်ပေးချင်ခဲ့ပါဘူး။
ဒါပေမယ့် သူ့ရဲ့လက်မောင်းနားက စိုစွတ်စွတ်ဖြစ်တာကြောင့်
သူ့ရဲ့ လက်နှစ်ဖတ်ကြားက ကောင်လေးကို ထုတ်ပြီး
အသေအချာစိုက်ကြည့်လိုက်သည်။အလင်္ကာ ငိုနေတယ်....။
တစေ ခေါင်းကို မိုးကြိုးဆယ်စင်းလောက် ပစ်ချခံလိုက်ရသလိုပဲ။
သူစကားမခေါ်မပြောဘဲ နေခဲ့တာက
အခုလို မျက်ရည်ကျရတဲ့အထိ ဖြစ်သွားလိမ့်မယ်လို့
တစ်ခါမှ မတွေးမိခဲ့ဖူးဘူး။
အခု ကောင်လေးက တကယ်ကြီးငိုနေတာ။သူ့အတွေးတွေ မဆုံးခင်မှာတင်ဘဲ
အလင်္ကာက မျက်နှာကို လက်ခုံနှစ်ဖတ်နဲ့ ပွတ်ဆွဲပစ်လိုက်သည်။
ပြီးတော့ တံတွေးမြိုချလိုက်ကာ
ပြောလာသည်။
"ငါ အိမ်ကိုလွမ်းလို့ ငိုမိသွားတာ"တစေ စိတ်ထဲမှာ ဒွိဟဖြစ်သွားသည်။
ကောင်လေးရဲ့စကားကို ယုံကြည်ချင်ပေမယ့်
သူအာရုံခံရင် ဘယ်တုန်းကမှ လွဲခဲ့ဖူးတယ်ဆိုတာ မရှိဘူး။
ကောင်လေး ငိုရတာက ကျိန်းသေပေါက် သူ့ကြောင့်ပါ။
အလင်္ကာက ခေါင်းကိုငုံ့ပြီး သူ့ကို ကျော်ကာ
လှေကားပေါ်က ဆင်းမယ်လုပ်တော့
အလင်္ကာ့လက်ကောက်ဝတ်ကို လှမ်း၍ဆွဲလိုက်ပါသည်။"ငါ မင်းကို စကားမပြောဘဲ နေတာကို မင်းမကြိုက်ဘူးမလား"
တစေ့ရဲ့မေးခွန်းကို ကြားတော့ အလင်္ကာ အေးစက်စွာ ပြန်မော့ကြည့်ရင်း ဖြေလိုက်သည်။
"မဟုတ်ပါဘူး မကြိုက်ဘဲနေမလား
ငါ့ကို နှောင့်ယှက်တဲ့လူ မရှိတော့တာကို ငါက မကြိုက်စရာဘာအကြောင်းရှိလို့လဲ"အလင်္ကာ့ဆီက ကြားရတဲ့အဖြေက တစေ မျှော်လင့်ထားတာမျိုး မဟုတ်ပေမယ့်
အခုလို မကောင်းအပြောခံရတာကလည်း
ပထမဆုံးအကြိမ်မှ မဟုတ်တာ။
အရမ်းကြီး နာကျင်မနေတော့ပါဘူး။
အလင်္ကာဝေနဲ့ပတ်သတ်ရင် မြဲတစေဆိုတာ ဘာဆိုဘာမှ
နစ်နာစရာမရှိတော့တဲ့ သာမာန်အညတရလူသားပါပဲ။