26

6.5K 648 50
                                    

(U)

Ep(26)Highlight~
"အလင်္ကာဝေက ငါပိုင်တဲ့လူကွ!!!"

✰♪✰♪✰♪

"တစေ တစေ ဒီကိုလာကြည့်ဦး"

စာကြည့်စားပွဲမှာထိုင်ရင်း အလင်္ကာလှမ်းခေါ်လိုက်ပြီဆိုရင်တော့
ဒါဟာ အခြားကြောင့်မဟုတ်။ စာမေးမလို့ပဲဖြစ်သည်။
ဒီကောင်လေးက အရမ်းလူလည်ကျလွန်းသည်။
ပုံမှန်အချိန်မှာ သူ့အသားကို သွားထိရင် ရုန်းကန်ပြီး ဆဲဆိုတတ်ပေမယ့် စာမေးနေချိန်နဲ့ စာရှင်းပြပြီးချိန်တွေမှာ သူ့အသားကိုထိရင် ငြိမ်ငြိမ်လေး ခံယူနေတတ်သည်။
အခုလည်း သူ့အနောက်ကနေ သိုင်းဖက်ပြီး စာရှင်းပြနေတော့ ငြိမ်ပြီးနားထောင်နေသည်။
အဲ့နောက် သူ့လည်ပင်းလေးကို တစ်ချက်နမ်းတော့လည်း ဖာသိဖာသာ,သာနေနေသည်။

အလင်္ကာက လူများစုထဲက တစ်ယောက်လို့ပြောရင် ရသည်။
တစေကျတော့ လူနည်းစုပေါ့။
ဘာလို့အဲ့လိုပြောရတာလဲဆို စာတော်တဲ့လူအများစုက သူတို့ကို စာရပြီလားလို့မေးရင် မရဘူးလို့ဖြေတတ်ကြပြီး တကယ့်တကယ်ရလဒ်တွေထွက်လာတဲ့အချိန်မှာ အမှတ်တွေက ကောင်းနေတတ်သည်။
အလင်္ကာလည်းအဲ့လိုပဲ မေးလိုက်ရင် ဘယ်တော့မှ စာရတယ်ဆိုတာမရှိဘူး။
ပြီးရင် အမှတ်က ရှစ်ဆယ်အထက်ချည်းပဲ။
တစေကတော့ အဲ့လိုမဟုတ်ဘူး သူ့ကိုစာရပြီလားမေးရင် အမြဲရတယ်ပဲ ဖြေတတ်သည်။ ဖြေနိုင်လားလို့မေးရင်လည်း ဖြေနိုင်တယ်ပဲ။
လူတွေက ဘာမဟုတ်တာလေးကအစ လိမ်လည်လှည့်ဖျားချင်နေကြတယ်။
ထိုသို့သော လူမျိုးတွေကို တစေ သိပ်မုန်းသည်။
အလင်္ကာဝေကတော့ သူ့ဘဝရဲ့ ကောင်းမွန်တဲ့ ချွင်းချက်လေးပေါ့။

"တန်ဆောင်တိုင်က ကျောင်းသုံးရက်ပဲ ပိတ်မယ်လို့ကြားတယ် အချစ်အိမ်ပြန်မှာလား"

"ပြန်မှာပေါ့"

"ကျောင်းကထွက်မယ့် ပဒေသာဘင်ကို မကြည့်တော့ဘူးလား ဆယ်တန်းကဟာက အကြီးဆုံးဖြစ်မယ်လို့ ပြောနေကြတယ်"

"ဟုတ်လား အဲ့ဒါဆို တော်တော်လှမှာပဲနော်"

"အင်းလေ မင်းအိမ်မပြန်ဘဲနဲ့ ငါ့အိမ်လိုက်နေပါလား"

"ဟင် မနေချင်ပါဘူး"

"လုပ်ပါအချစ်ရာ အိမ်မှာ တန်ဆောင်တိုင်ကျရင် ဘယ်သူမှရှိမှာမဟုတ်ဘူး
အဖေက ဘန်ကောက်ကို သွားရမှာ အမေက သူ့သူငယ်ချင်းတွေနဲ့ ပင်လယ်ဘက်ကို ခရီးထွက်မလို့တဲ့
အိမ်မှာ ငါတစ်ယောက်တည်းရယ်...."

တစ္ဆေအလင်္ကာ/တစၧေအလကၤာ(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ