Extra~မောင်ရေးဆွဲသည့် စီမံကိန်း~

4.7K 341 10
                                    

(U)

~မောင်ရေးဆွဲသည့် စီမံကိန်း~

ဖောက်ပြန်နေတဲ့ သဘောတရားတွေထဲမှာ လူ့စိတ်ဟာလည်း တစ်ခုအပါအဝင်အဖြစ်သည်။

ရှည်လျားလှတဲ့ နေ့ရက်တွေကြား ကိုယ့်အနားက တစ်စုံတစ်ယောက်ပျောက်ဆုံးနေခြင်းဟာ အသိသာဆုံး အထီးကျန်ခြင်းတစ်ခုပါ။
ငယ်စဉ်အချိန်တုန်းကတော့ စီးပွားရှာတဲ့ရင့်ကျက်သူတစ်ယောက်ဖြစ်ဖို့ မျှော်လင့်ခဲ့ပေမဲ့ အသက်နှစ်ဆယ်ဆိုတဲ့အချိန်တစ်ခုကို ကျော်လွန်ပြီးနောက်မှာ ငယ်ရွယ်ခြင်းရဲ့တန်ဖိုးကို သိလာတော့သည်။
စာကလွဲရင် အရေးတကြီးလုပ်စရာမရှိတဲ့အရွယ်မှာတုန်းက ရင်ခုန်စရာ အချစ်ဇာတ်လမ်းတို့နဲ့ ချိုမြိန်ခဲ့ဖူးသည်။
ဆယ်တန်းအောင်ပြီး တက္ကသိုလ်တွေ ရွေးချယ်တဲ့အချိန်ကစပြီး အားလုံးဟာ တစ်ယောက်တစ်လမ်းကွဲလွဲသွားကြသည်။
ချစ်ရတဲ့သူငယ်ချင်းတွေနဲ့ ကျောင်းမတူ မေဂျာတွေလွဲပြီး အတန်းတူတဲ့သူငယ်ချင်းအသစ်တွေနဲ့ သံယောဇဉ်အသစ်တွေ တည်ဆောက်ခဲ့သည်။
အဟောင်းနဲ့ ဝေးလို့ အသစ်တစ်ခုကိုရှာတာ ဓမ္မတာဆိုပေမဲ့ ချစ်ရသူမောင်တစ်ယောက်ကျတော့ အစားထိုးစရာဘယ်ရှိပါ့မလဲ…။
မောင်က တုနှိုင်းမဲ့တယ်။

တူ…တူ…။

“ဟယ်လို”
အလင်္ကာဖုန်းခေါ်လိုက်တာနဲ့ မဆိုင်းမတွဘဲ ကိုင်လိုက်တဲ့ တစေပါ။

“မင်း နောက်အပတ်ပြန်လာမှာ သေချာတယ်မလား”

“သေချာတာပေါ့အချစ်ရ ကိုယ့်ကောင်လေးဘွဲ့ယူမှာကို မလာဘဲနေမလား”

“မင်းက ​ရှစ်နှစ်လုံးလုံး အဲ့မှာပဲနေပြီး တစ်ခါမှပြန်လာဖူးတာ မဟုတ်ဘူးလေ
ဒီတစ်ခေါက်လည်း ပြန်လာမယ်ဆိုတာ ဘယ်လိုယုံကြည်ရမှာလဲ”

“ငါရအောင် ပြန်လာမှာပါ ဒီအချိန်လေးအတွက် ငါဘယ်လောက်တောင်အားခဲထားလဲဆိုတာ မင်းလည်းအသိပဲ”

“ပြီးတာပဲ သေချာအောင်လှမ်းမေးကြည့်တာ ဒါပဲ”

ပြောပြီး တစ်ခါတည်း ဖုန်းတန်းချသွားတဲ့ အလင်္ကာကြောင့် တစေလည်း စိတ်မကောင်းဖြစ်ပြီး မျက်နှာကို လက်နှစ်ဖက်နဲ့ ပွတ်ချလိုက်သည်။

တစ္ဆေအလင်္ကာ/တစၧေအလကၤာ(Completed)Hikayelerin yaşadığı yer. Şimdi keşfedin