(U)
Ep(44) Highlight~
"ပန်းတွေရဲ့ အဓိပ္ပါယ်ကို ငယ်သိရဲ့လား"
✰♪✰♪✰♪ထမင်းစားချိန်ရောက်လို့ တစေနဲ့အလင်္ကာအိမ်ပေါ်က အတူဆင်းလာတော့ ထမင်းဝိုင်းမှာ ကင်းနဲ့တုံတုံကလွဲရင် မိငယ်တစ်ယောက်တည်းသာ ထိုင်နေတာကို တွေ့လိုက်ရသည်။
အလင်္ကာထိုင်ခုံမှာ ဝင်ထိုင်ရင်း မိငယ်ကို မေးလိုက်သည်။
"တုံတုံရော""ကင်းနဲ့အပြင်ကို သွားတယ်"
အကြီးတွေကလည်း သူတို့အုပ်စုနဲ့သူတို့ စားကြမှာဖြစ်လို့ အခုလူဆယ်ယောက်လောက်ထိုင်စားလို့ရတဲ့ စားပွဲမှာ အလင်္ကာတို့သုံးယောက်သာ ရှိနေသည်။
တစေက အလင်္ကာကို ဟင်းတွေထည့်ပေးပြီး
ဘေးကနေ အရိပ်တကြည့်ကြည့်ဖြင့် ထမင်းမစားနိုင်မသောက်နိုင်ဖြစ်နေ၏။
ဒါကို အလင်္ကာ သိပေမယ့် ဘာမှလှည့်ပြောမနေတော့ဘူး။
သူ့ဟာသူ နေတတ်သလိုသာ နေပါစေဆိုပြီး လွှတ်ထားလိုက်သည်။
ဒါပေမယ့် အရှေ့တည့်တည့်က မိငယ်ကတော့ ထမင်းတစ်လုတ်ပါးစပ်ထဲ ထည့်မယ်ကြံရင်း ဦးလွဲနေသလို အလင်္ကာ့ဘက်လည်ထွက်နေတဲ့ တစေ့မျက်နှာကြီးကို ကြည့်မိရင်းနဲ့ ပါးစပ်နားရောက်ရောက်လာတဲ့ ဇွန်းကို ပြန်ပြန်ပြီး ချပစ်နေရသည်။
သူက ဒီသင်္ကြန်မှာ အပိုလူကြီးလိုပဲ။
အတွဲနှစ်တွဲကြားက ငါးဘီးမြောက်လူသားဖြစ်နေရတာ သိပ်တော့ အဆင်မပြေလှဘူး။
ဒါတွေကိုသာ ကြိုသိခဲ့ရင် သင်္ကြန်မတိုင်ခင်တည်းက ရည်းစားလေးတစ်ယောက်လောက်ရအောင် ရှာထားလိုက်ပါတယ်။
ကောင်လေးဖြစ်ဖြစ်၊ ကောင်မလေးဖြစ်ဖြစ် မိငယ်လို ဗရုတ်သုတ်ခနိုင်ပြီး အူကြောင်ကြားကောင်မလေးကို ဦးဆောင်နိုင်တဲ့ ဘယ်သူမဆို အဆင်ပြေမှာပါ။
အဓိကက ရုပ်ချောပြီး အသက်ကြီးဖို့ပဲ။မိငယ် လက်ထဲက ဇွန်းကို မြှောက်လိုက်ချလိုက်နဲ့
စားရမလို မစားရမလို ဖြစ်နေတုန်း အရှေ့က တစေက အလင်္ကာ့အနားကပ်ပြီး တိုးတိုးလေးကပ်ပြောတာကို ကြားလိုက်ရသည်။
"သိပ်မနာတော့ဘူးမလား"နဂိုတည်းက ထမင်းစားလို့ မဝင်တဲ့ မိငယ်ရဲ့မျက်နှာက
ရုတ်ချည်းဆိုသလို ဖြတ်ရိုက်ခံလိုက်ရသလိုဖြစ်သွားသည်။
သူက ကမ္ဘာပေါ်မှာ ကံအဆိုးဆုံးနှစ်တစ်ထောင်FAပဲ
သူတို့ရဲ့ ချစ်ကြည်နူးတစ်တိတူးတာတွေကို
မြင်ရကြားရတာတင်မကဘဲ ဒီလိုကိစ္စတွေအထိပါ လိုက်နားထောင်နေရတယ်လို့။
မိငယ်မျက်ဖြူကို လှန်လိုက်ပြီး ထမင်းပန်းကန်ကို မကာ မီးဖိုခန်းထဲသို့ မြန်မြန်လေးဝင်သွားတော့သည်။