Ep(47)Highlight~
"ပြန်လာပြီ ပြန်လာပြီ တစေပြန်ရောက်ပြီ"✰♪✰♪✰♪
ဆိုင်ကယ်ကို တရှိန်ထိုး မောင်းနှင်လာချိန်အတွင်း တစေ့စိတ်ထဲ ဘာတွေဖြစ်နေမလဲဆိုတာ အလင်္ကာမသိပေမယ့် အလင်္ကာကတော့ တစေ့ကျော်ပေါ် ပါးအပ်ရင်း တိုက်ခပ်နေတဲ့ လေအဟုန်ပြင်းပြင်းတွေကို အံတုလို့ နေလေသည်။
အခုဆို ဆိုင်ကယ်မောင်းလာတာ တစ်နာရီနီးပါးရှိပြီဖြစ်ပြီး
ခါးကို ဖက်သိုင်းထားတဲ့ အလင်္ကာ့လက်တွေ ညောင်းညာနေပြီဖြစ်သည်။
ဒါဆို ဆိုင်ကယ်မောင်းနေတဲ့ တစေကရော ဘယ်လိုနေပါလိမ့်မလဲ။
ဘေးဘီပတ်ဝန်းကျင်ကို ကြည့်မိတော့ သစ်ပင်တွေအများကြီးနဲ့ လူသွားလူလာကျဲတဲ့ နေရာကို ရောက်နေတာဖြစ်သည်။
အလင်္ကာ ဒီနေရာကို သိသည်။ ဒါဟာစံသာမြို့ရဲ့ လူနေအကျဲပါးဆုံး တောင်ပေါ်နေရာဖြစ်ပြီး ရှုခင်းတွေ အတောလှတဲ့ ဒေသလည်းဖြစ်သည်။
အထင်ကရရယ်လို့ မယ်မယ်ရရမရှိတာကြောင့် ခရီးသွားပြည်သူ ရှားတာကလွဲလျှင် အပင်နှင့် ရှုခင်းအတော်လှတဲ့ နေရာတစ်ခုပြီး သွားလမ်းလာလမ်းလည်း ကောင်းမွန်ပါ၏။ဒါနဲ့ ဒီနေရာကို တစေက ဘယ်လိုရှာတွေ့ပြီး ရောက်လာတာလဲ?
တစ်နာရီကျော်ကျော်လောက် ကြာတဲ့အချိန်မှာပေါ့
ထင်းရှူးပင်တွေ စီတန်းပေါက်နေရာ လမ်းဘေးလေးမှာ တစေ ဆိုင်ကယ်ကို အရှိန်သတ်လိုက်သည်။
ဆိုင်ကယ်ကို ရပ်လိုက်တာနဲ့ အလင်္ကာတင်းတင်းကြပ်ကြပ်ဆုပ်ထားတဲ့ လက်နှစ်ဖတ်ကို ဖြည်းဖြည်းချင်းဖြည်ချပြီး သူ့ရဲ့ရင်ဘက်နဲ့ တစေ့ကျော်နဲ့ကိုလည်း ခွာလိုက်သည်။
တစေကတော့ အရှေ့မှာ တုတ်တုတ်မျှ မလှုပ်တုန်း။
အလင်္ကာဆိုင်ကယ်ပေါ်ကနေ ဆင်းပြီး တစေ့အရှေ့နားမှာ မတ်တပ်သွားရပ်လိုက်သည်။
တစေက ဆိုင်ကယ်လက်ကိုင်ကို လက်နှစ်ဖတ်နဲ့ တင်းတင်းဆုပ်ထားပြီး မျက်နှာကလည်း ခံမှန်းရခက်စွာ အဓိပ္ပါယ်တွေ အများကြီးနဲ့ ပြည့်နှပ်နေသည်။
ဆိုင်ကယ်ကို အရှိန်နဲ့မောင်းလာလို့လား မောင်းရင်း ငိုထားလို့လားမသိ၊ တစေ့မျက်လုံးထောင့်တွေက နီရဲလို့ နေလေသည်။အလင်္ကာ သူ့ရဲ့ညာဘက်လက်ကို မရဲတရဲလေး ထုတ်ပြီး
တစေ့မျက်နှာရှေ့ကို ရွှေ့သွားလိုက်သည်။
တခြားတစ်ဖတ်ကို အကြည့်ပို့ထားတဲ့ တစေဟာ
အလင်္ကာ့လက် သူ့ပါးပေါ်ကို ထိလုဆဲဆဲ၌ အလင်္ကာ့ကို တစ်ချက်လှည့်ကြည့်လိုက်သည်။
တစေ့ရဲ့ နာကျင်စရာကောင်းတဲ့ အကြည့်ကြောင့် အလင်္ကာ့လက်ကလေး တွန့်ခနဲတောင် ဖြစ်သွား၏။
ဒါပေမယ့် သူထိဖို့ ကြိုးစားရင်း လက်တို့ကို အရှေ့ဆက်တိုးလိုက်သည်။
ပူပြင်းလှတဲ့ နွေရာသီမှာ ရေအနည်းငယ်စိုထားတဲ့ ပါးပြင်က လေနွေးနွေးနဲ့ ထိတွေ့ထားတာကြောင့် အေးပြီးခြောက်သွေ့လို့ နေသည်။
"မင်းအမေနဲ့ ပြဿနာဖြစ်လာတာလား..."