(U)
Ep(6) Highlight~
"ငါမေးမိလို့လား မင်းတို့ဘယ်လိုပတ်သတ်လဲဆိုတာကိုလေ"
✰♪✰♪✰♪
"အင်း...."
အလင်္ကာ့ရဲ့ခါးကို စုပ်ယူနမ်းရှိုက်ရင်း
ဘေးရှိအရာအားလုံးကို တစေလုံးဝ မေ့မေ့ပျောက်ပျောက်ဖြစ်သွားသည်။
အပေါ်ကကောင်လေးရဲ့ ခပ်တိုးတိုးညည်းညူသံကို ကြားတော့မှ
သတိပြန်ကပ်ပြီး ကောင်လေးကို လှမ်းကြည့်မိသည်။
အလင်္ကာက မျက်လုံးလေးပြူးလျက်
အသက်ရှူရပ်နေသလိုဖြစ်နေသည်။တစေနမ်းနေတာကို ရပ်ပြီး ခါးကိုမတ်ကာ ပြောလိုက်သည်။
"အာ ငါတောင်းပန်ပါတယ်
ငါသတိလက်လွတ်ဖြစ်သွားတယ်
ငါ့ကြောင့်မင်း အိပ်ရေးပျက်ရပြီ"တစေက ထုံးစံအတိုင်း သူ့လေသံကို အနူးညံ့ဆုံးထားထားရတာပေါ့။
အလင်္ကာ သူ့ကို တဏှာရူးတစ်ယောက်လိုထင်ပြီး
ကြောက်သွားမှာမျိုး အဖြစ်မခံနိုင်ဘူးလေ။အလင်္ကာက အိပ်ယာကနေ ခပ်ဖြေးဖြေး ထလာလိုက်ပြီး
"ဟို ဘာလို့ ငါ့ခါးကိုလာနမ်းနေတာလဲ""တကယ်က ငါလက်နဲ့ကိုင်ကြည့်ဖို့ပဲ စိတ်ကူးထားတာပါ
မင်းရဲ့အသားအရေက အရမ်းလှလို့ ငါစိတ်မထိန်းနိုင်ဖြစ်သွားတာ
တောင်းပန်ပါတယ်"တစ်မိုးအောက် တစ္ဆေကောင်က မိမိကို လာတောင်းပန်နေတာလား။
အလင်္ကာ စိတ်ထဲ အံ့ဩမှုအသေးစားလေးဖြတ်စီးသွားပြီးမှ
'ဖြစ်သင့်တာပဲလေ သူငါ့ကိုတောင်းပန်သင့်တာပေါ့' ဟူ၍
စိတ်တိုဒေါသထွက်မိသွားသည်။"နောက် ငါ့ကို ဒါမျိုးထပ်မလုပ်ပါနဲ့
ငါမင်းကို သေချာပြောထားမယ်
ငါကလုံးဝကို အဖြောင့်စစ်စစ်ကြီးပါ
မင်းဒီလိုတွေလာပြုမူနေတာ ငါအဆင်မပြေဘူး""နောက်ကျအဆင်ပြေသွားမှာပါ"
*ဟမ်!!!ခွေးသူခိုးကောင်
နောက်မလုပ်တော့ဘူးမရှိဘူး
နောက်ကျအဆင်ပြေသွားမှာပါတဲ့
ငါကနောက်တစ်ကြိမ် ခွင့်ပြုမယ်လို့ထင်နေတာလား*တစေ ပြောလိုက်သည်။
"မျက်နှာသွားသစ်တော့လေ""မသစ်ဘူး ရေချိုးပစ်မှာ"