(U)
Ep(7) Highlight~
ဆိုးလိုက်တဲ့အစ်မ သူ့ရဲ့အမှောင်ဓာတ်တွေကို
မျက်နှာမည်းကြီးနဲ့ ထုတ်လွှတ်နေတယ်။✰♪✰♪✰♪
နေ့လည်ထမင်းစားချိန်ရောက်တော့ အလင်္ကာတို့လေးယောက်သား အခန်းထဲမှ စကားတပြောပြောနှင့် ထွက်လာကြသည်။
မထင်မှတ်စွာဘဲ အခန်းရှေ့မှာ ရပ်စောင့်နေသူ တစေက
သူ့ဘေးကနေဖြတ်သွားတဲ့ ကင်းကို ပြုံးပြမေးဆက်လိုက်ရင်း
သွားနှင့်ဆိုတဲ့ပုံစံနဲ့ နှုတ်ဆက်လိုက်သည်။
ပြီးတော့ အခန်းတံခါးဝက အလင်္ကာ့ကို အကြည့်တွေပစ်သွင်းလိုက်ကာ
"ထမင်းအတူတူစားရအောင် အချစ်"အချစ်?
ဘေးကသုံးယောက်လုံး မျက်လုံးအပြူးသားလေးများနှင့်
တအံ့တဩဖြစ်နေကြချိန် အလင်္ကာက
တစေ့ကို ကို့ယို့ကားယားနှင့် အံကြိတ်မျက်မှောင်ကြုတ်ပြသည်။ဒီခွေးသူခိုးကောင်က ငါ့သူငယ်ချင်းတွေရှေ့မှာတောင်
လာနောက်နေသေးတယ်
အရှက်ကိုမရှိဘူး။အလင်္ကာ အရဲစွန့်ပြီး ပြောလိုက်သည်။
"ငါ ငါသူတို့နဲ့ပဲ စားမှာ""ဘာလို့ငါနဲ့မစားတာလဲ ငါစားတာခံရမှာစိုးလို့လား"
မျက်နှာက မျက်နှာပိုးမသက်စွာ ပြောင်ချော်ချော်လုပ်နေသူကြောင့်
အလင်္ကာနေရာကပင် ချက်ချင်းထွက်သွားချင်စိတ်ပေါက်သွားသည်။
ကျစ်!အလင်္ကာ ဘေးက သူငယ်ချင်းသုံးယောက်ကို လှည့်ကြည့်ရင်း အားနာစွာနဲ့ ပြောလိုက်သည်။
"ငါ မြဲတစေနဲ့ပဲ စားလိုက်တော့မယ်
အခန်းထဲမှာ ပြန်တွေ့မယ်နော်"သူငယ်ချင်းတွေကိုအားနာနာနဲ့ပဲ
အလင်္ကာ ခွင့်တောင်းပြီး တစေ့နောက်ကို လိုက်သွားရတော့သည်။သူအလွန်ကို စိတ်ရှုပ်လွန်းပါသည်။
တစ်ကျောင်းလုံးက ကျောင်းသားတွေအားလုံးကို
အကြည့်စူးစူး လေသံမာမာနဲ့ ဆက်ဆံတတ်သူက
အလင်္ကာရှေ့မှာဆို ကြည်လင်နေတဲ့အကြည့်တွေနဲ့
အချိုသာဆုံးလေသံကိုတောင်ပြောင်းလဲထားတတ်သေးသည်။
အဲ့မျက်နှာနဲ့အဲ့စကားတွေကို ဘာလို့များ တခြားမိန်းကလေးတွေအတွက် မသုံးရတာလဲ။
အလင်္ကာ့ဆီမှာ လာဦးညွှတ်နေလို့ ဒီအဖြောင့်ကောင်က သူ့ပြန်ကြိုက်မှာကျနေတာပဲ
တစ္ဆေကောင်ဆိုတာ ဒီလိုဦးနှောက်မရှိတဲ့ အချိန်မျိုးလည်းရှိတတ်သေးတာပဲလား။
