[Unicode]
Ep(2) Highlight~
"ငါမင်းကို လိုက်မလို့!"
✰♪✰♪✰♪
ရက်အနည်းငယ်ကြာတော့ စာမေးပွဲရလဒ်တွေထွက်လာခဲ့ပြီ
Report cardတွေ မပေးခင် ကျောင်းရဲ့
Notice boardကြီးမှာ တစ်ကျောင်းလုံးရဲ့ကျောင်းသားအမှတ်စာရင်းတွေ ကပ်ထားတတ်သည်။
တစေက အမှတ်စာရင်း သေချာကြည့်ပြီး
ပြန်လှည့်အထွက်မှာ လူအုပ်ကြားထဲကနေ သူ့အနားကို ရုတ်တရက်ရောက်လာတဲ့
အဖြူရောင်အကာင်ပေါက်လေး။
သူ့ကမ္ဘာကြီးက လုံးဝကို ရပ်တန့်သွားမတတ်ပဲ။
သူ့ဘေးက ကင်းကသာ ပုခုံးကိုလာပုတ်ပြီး
သတိမပေးရင် တစေ ထိုအကောင်ပေါက်လေးကို
"မင်း အဆင့်(၃၀)ရတယ်"လို့ ပြောလိုက်မိမှာ.....။သူဒီကောင်လေးကို တကယ်စကားပြောချင်နေတာ
ဒါပေမယ့် သူ့အမေက သူ့ကို အရမ်းအာရုံစိုက်တဲ့လူ။
ကင်းကလွဲရင် တခြားလူတစ်ယောက်ကို
အပေါင်းအသင်း မလုပ်တတ်သူမို့
သူငယ်ချင်းအသစ်ရမှန်းသာသိရင်
သူ့အမေက ထိုသူငယ်ချင်းအသစ်အကြောင်းကို
မြေလှန်ပြီးတော့ကို စုံစမ်းမှာ
တိတ်ဆိတ်မှုကို ခုံမင်တဲ့ အလင်္ကာ့ကို သူ့ကြောင့်နဲ့တော့
အနေရမခတ်စေချင်ဘူး။
ဒါကြောင့် သူအရွယ်ရောက်ပြီး လွတ်လပ်မယ့်အချိန်ထိကို
စောင့်နေရတာ....။
အဲ့အချိန်ရောက်ရင်တော့ ဒီကောင်လေး သူ့လက်ထဲကနေ ပြေးမလွတ်အောင် ဖမ်းဆွဲထားပစ်မှာ။(၈)တန်း.....(၉)တန်း.....(၁၀)တန်း.....။
ဆယ်တန်းရောက်တဲ့အထိ အကောင်ပေါက်လေးကို
သူအရိပ်တကြည့်ကြည့်နဲ့ စောင့်ကြည့်နေမိတုန်း....။
ကောင်လေးက စာတော်ရဲ့သားနဲ့ ဘာကြောင့် အဆင့်(၂၀)ကျော်အောင် မလုပ်နိုင်သလဲ တွေးမိတိုင်း တစေ အမြဲအားမလိုအားမရဖြစ်မိသည်။
အလင်္ကာက အဆင့်နှစ်ဆယ်အောက်ရောက်နေတော့
သူရှိတဲ့ အခန်း(၁)ကို မလာနိုင်ဘူး။
အဲ့တော့ အရမ်းထူးချွန်နေတဲ့ သူ့ကိုသူပဲ အပြစ်တင်ရတော့တာပေါ့။"အမေ"
တစေက သူ့ရဲ့ ပုံစံအစစ်အမှန်ဖြစ်တဲ့
ရှုတည်တည်မျက်နှာထားနဲ့ပဲ သူ့အမေကို ခေါ်လိုက်သည်။
ဒေါ်ရောင်ဝါလက်က စာကြည့်စားပွဲကနေ
တံခါးဝမှာ မတ်တပ်ရပ်နေတဲ့ သားကို
စိတ်လိုလက်ရ ပြုံးပြလိုက်ပြီး ထိုင်ဖို့ ခေါ်လိုက်သည်။
