(U)
Ep(4) Highlight~
ငါမင်းအင်္ကျီကို ဆွဲဖြဲပြီး သေအောင်နမ်းပစ်မှာ
✰♪✰♪✰♪
အလင်္ကာက သူ့သူငယ်ချင်းတွေဝိုင်းကို ရောက်တာနဲ့
ဘာစကားမှမပြောဘဲ ထမင်းကိုသာ အမြန်ကုန်းစားနေသည်။
သစ်ထင်ရောင်တို့သုံးယောက်က သူ့ကို
"တစေ အနိုင်ကျင့်သေးလား
နေရတာအဆင်ပြေရဲ့လား"လို့ မေးနေပေမယ့် သူကတော့ ထမင်းကိုသာ သည်းကြီးမည်းကြီးစားနေသည်။တစေက အခုထိ ထမင်းတစ်စက်မှ မလျော့သေးတဲ့ ပန်းကန်ကို မ ကာ
ထမည်အလုပ် သူ့ဘေးကနေ ပန်းကန်ကိုင်ပြီး
ဖြတ်သွားတဲ့ ကင်းကိုတွေ့လိုက်သောကြောင့်
"စားတောင်စားပြီးသွားပြီလား"ဟု
ခပ်သာသာလေး မေးလိုက်သည်။"အေး ဒါနဲ့မင်းကရော မစားတော့ဘူးလား"
တစေက အပြုံးတစ်ခြမ်းနဲ့ မျက်ခုံးပင့်ပြလိုက်ကာ
ဟုတ်တယ်ဖြစ်ကြောင်း ပြုမူသည်။
ထို့နောက် သူ့ပန်းကန်ကို ကိုင်ကာ
ကင်းနဲ့နှစ်ယောက်ယှဥ်ပြီး ကောင်တာဆီကို ပန်းကန်ပြန်ထားရန် လျှောက်သွားတော့သည်။
ကျောင်းရဲ့ နတ်သားနှစ်ပါး ထိုသို့ ပူးကပ်ယှဥ်တွဲသွားပုံသည်
ဘယ်အချိန်ကြည့်ကြည့် မရိုးနိုင်တဲ့ ဒဏ္ဍာရီလာပန်းချီကားတစ်ချပ်လိုပင်။"မင်း စိတ်ချမ်းသာနေမှာပေါ့ အလင်္ကာဝေနဲ့ တစ်ခန်းတည်းနေနေရလို့"
"စိတ်ချမ်းသာတာကတော့ပြောမနေနဲ့
အိပ်ခါနီးလည်းသူ့မျက်နှာလေးကို နောက်ဆုံးတွေ့ရတယ်
မနက်နိုးတော့လည်းသူ့မျက်နှာလေးကို အရင်ဆုံးတွေ့ရတယ်
ဘယ်လောက်တောင်မှ သာယာလိုက်လဲ""သာယာမနေနဲ့ အဆင့်(၁)လုယူခံလိုက်ရမှ
အော်ငိုနေရမယ်""ဟားဟား ဘယ်တော့မှ မဖြစ်စေရဘူး ငါ့ကောင်
မင်းသာ မင်း အစ်ကိုကြီးကို သွားသွားထိန်းနေရလို့
စာလုပ်ချိန်တွေ လျော့ကုန်မယ်"အဲ့လိုပြောတော့ ကင်းက အသက်မပါသလို အပြုံးကို
ပြုံးလိုက်ပြီး ခေါင်းကို ခပ်ဖြည်းဖြည်းခါသည်။
အစ်ကိုကြီးဆိုတာ ကင်းရဲ့အစ်ကိုကို ပြောတာမဟုတ်ပါဘူး။
ကင်းရန်ရှင်းတို့ ဘေးအိမ်က မိသားစုရဲ့
တစ်ဦးတည်းသော သား ကိုကြီးကိုပြောတာပါ။
အဲ့ကိုကြီးနာမည်က မင်းဆန်းတဲ့။
