(U)
Extra (𝐸𝑛𝑑𝑙𝑒𝑠𝑠)
Highlight~"ငါ့ကို နမ်းပါ မောင်..."
✰♪✰♪✰♪
Mayလလယ်ရဲ့ မိုးရာသီအစပိုင်းဟာ မိုးအုံ့ခြင်းတောင် စိုးစိမျှမတွေ့ရဘဲ ပူပြင်းတဲ့ နေအရှိန်ကိုသာ ခံစားနေရသည်။
"ပြီးပြီလား သွားကြမယ်လေ အချိန်က နီးနေပြီ"
အလင်္ကာတစ်ယောက် အဖြူပိုများတဲ့ ခရမ်းနုရောင် ဝတ်စုံပြည့်ကို ဝတ်ပြီး မျက်နှာချင်းဆိုင်ရဲ့ ဟိုတယ်ခန်းထဲက အစ်မတွေကို ပျာယာခတ်စွာ အော်ဟစ်နေသည်။
ဒီနေ့က တစေ့အစ်မဝမ်းကွဲဖြစ်တဲ့ ဝင့်ဝါနဲ့ လင်းလဲ့ဝေရဲ့ ငယ်ချစ်ဦးနိုင်းယံတို့ရဲ့ မင်္ဂလာလက်ထပ်ပွဲနေ့ဖြစ်သည်။//(Ep_35)မှာ သူတို့အကြောင်းပါပါတယ် မမှတ်မိမှာစိုးလို့//
တစေ့မိဘတွေက အလင်္ကာတို့မိသားစုကို ဖိတ်ကြားခဲ့ပေမယ့်
သတို့သားသတို့သမီးနဲ့ ဒေါ်ဝေနှင်းဆီတို့က မရင်းနီးတော့ တစ်မိသားစုလုံးသွားဖို့ဆိုတာက ပွဲအတွက် သိပ်မသင့်တော်။
ဒါကြောင့်တစေ့ကောင်လေးဖြစ်တဲ့ အလင်္ကာနဲ့ နိုင်းယံရဲ့သူငယ်ချင်းလို့ အမည်တွင်တဲ့ လင်းလဲ့ဝေတို့နှစ်ယောက်ကပဲ ပွဲတက်ကြရန် ဖြစ်လာခဲ့သည်။
ပွဲမှာက ခရမ်းရောင်ကို အဓိကဝတ်ဆင်ရမှာ ဖြစ်တာကြောင့် လင်းလဲ့ဝေက လက်ရှည်ဇာပါးလေးနဲ့ ခရမ်းနုရောင် အောက်ခံပါတဲ့ ငွေရောင်အချိတ်ထဘီကို ကျက်သရေရှိစွာ ဝတ်ဆင်ထားသည်။လင်းလဲ့ဝေကို မိတ်ကပ်ဝိုင်းပြင်ပေးတဲ့ ကျန်ညီမနှစ်ယောက်ထဲက စန္ဒာအေးဝေက အော်ကြီးဟစ်ကျယ်လုပ်နေတဲ့ အလင်္ကာကို စိတ်မရှည်သလို မျက်စောင်းတစ်ချက် ပစ်ကျွေးလိုက်သည်။
"ဘာဖြစ်နေတာလဲ အချိန်က နာရီဝက်တောင် လိုသေးတာကို အရမ်းသွားချင်နေတယ်ပေါ့
ငါတို့က အခု နန်းရိပ်မြေမှာရောက်နေတာနော်
မင်္ဂလာခန်းမကို ရောက်ဖို့ သုံးမိနစ်ပဲ ကားမောင်းရမှာ
ဒီထက်ပိုပြီး အဖြစ်သည်းပြနေမယ်ဆိုရင် မသွားခိုင်းပဲ နေပစ်လိုက်မယ် ကာကာ"စန္ဒာရဲ့ ချိန်းခြောက်မှုကြောင့် အလင်္ကာ ပါးစပ်ကလေးကို တိခနဲပိတ်ရင်း ဘေးမှာ ငြိမ်ငြိမ်လေး လာဝင်ထိုင်လိုက်တဲ့ ပုံစံလေးက တကယ့်မှ သနားစရာ။
ဟုတ်တယ်။ မပြောလိုက်ချင်ဘူး။ Aprilလကုန်လောက်တည်းက တစေက မိသားစုကိစ္စတစ်ခုကြောင့် ထိုင်းနိုင်ငံကို အလယ်သွားရောက်ခဲ့ရတာဖြစ်ပြီး တစေ့ရဲ့မွေးနေ့မှာတောင် သူတို့ အတူDateခြင်း မရှိခဲ့တာကို အလင်္ကာတို့တစ်မိသားစုလုံးသိသည်။
ရက်နှစ်ကျော်ကြာအောင် ခွဲခဲ့ရတဲ့ သူတို့အတွက် ဒီမင်္ဂလာပွဲက ပထမဆုံးအကြိမ်ပြန်တွေ့ရမယ့် နေရာလည်း ဖြစ်သည်။
ဒါကြောင့် အနေအေးတဲ့ အလင်္ကာဝေတို့ ပုံမှန်နဲ့ မတူဘဲ ယွစိထိုးနေတာ...။
စန္ဒာ ခေါင်းကို ခါရင်း မျက်ဖြူလှန်ပစ်လိုက်သည်။
အချစ်က လူကို ပြောင်းလဲတယ်ဆိုတာကို လက်ခံပေမယ့် အခုလို အငြိမ်မနေတဲ့အထိ ပြောင်းလဲသွားမှာကိုတော့ မလိုလားဘူး။
သူက သူ့မောင်လေးကို အရင်လို အေးအေးဆေးဆေးလေးပဲ ဖြစ်စေချင်တာ။
