အခုလေးတင် ရေးပြီး လတ်လတ်ဆတ်ဆတ်လေး လာUpတာ😗
(U)
တစ္ဆေအလင်္ကာEp(46)Highlight~
"မြဲတစေကို DNAစစ်မယ်"✰♪✰♪✰♪
ဒီနေ့မှာ တုံတုံနဲ့မိငယ်က အလင်္ကာ့ဆီကို မလာကြဘူး။
ဒါကြောင့် အခုခြံထဲမှာ အလင်္ကာတို့မောင်နှမလေးယောက်သာ ရှိနေကြသည်။
ဒေါ်ရောင်ဝါနဲ့အတူ ဒေါ်ဝေနှင်းဆီကတော့ အိမ်ရဲ့ ဧည့်ခန်းတစ်နေရာမှာ နေရာတကျထိုင်နေကြသည်။
ဒေါ်ရောင်ဝါလတ် တိတ်ဆိတ်စွာနဲ့ပဲ မျက်နှာကြောတင်းစွာ ဝေနှင်းဆီကို စူးစိုက်ကြည့်လိုက်သည်။
"ဆိုပါဦး မြဲတစေကို ညီမတို့ဘက်ကလည်း ပိုင်ဆိုင်ခွင့်ရှိတယ်ဆိုတာ ဘာအဓိပ္ပါယ်နဲ့ပြောချင်တာလဲ""ကိုသူဆွေ မသေဆုံးခင်တုန်းက သူ့ရဲ့ကလေးကို နှင်းဆီတို့လက်ထဲ ထည့်ခဲ့ဖို့ စာချုပ်ချုပ်ခဲ့ဖူးတယ်ဆိုတာ မမေသက်သိပြီးရဲ့လား"
"ဘာတွေပြောနေတာလဲ သူ့ရဲ့သားကို ညီမတို့လက်ထဲထည့်တာက ကျွန်မနဲ့ ဘာများဆိုင်နေလို့လဲ"
"ဆိုင်တာပေါ့ မြဲတစေက ကိုသူဆွေရဲ့သားပဲမလား"
ရောင်ဝါလတ် နှုတ်ခမ်းတို့ တဆက်ဆက်တုန်ရင်း မျက်မှောင်ဟာလည်း ကြုတ်သွားခဲ့သည်။
"မ...မဟုတ်ဘူး မြဲတစေက အစ်ကိုညိုမှိုင်းရဲ့သားပါ""နှင်းဆီအခုလိုမျိုး စကားအချေအတင်တွေနဲ့ ပြဿနာဖြစ်ရတာကို မကြိုက်ဘူး
ဒါပေမယ့် အစ်မ အခုလိုတွေ ဆက်ငြင်းနေမယ်ဆိုရင်တော့ နှင်းဆီတို့ဘက်ကလည်း အလျှော့ပေးမှာ မဟုတ်ဘူး
ဒါဟာ ကိုသူဆွေရဲ့ နောက်ဆုံးဆန္ဒဖြစ်နေလို့ပဲ"အဲ့အချိန် အိမ်အပေါ်ထပ်ကနေ ပြန်ဆင်းလာတဲ့ ဝေနှင်းဆီရဲ့အမျိုးသားက လက်ထဲမှာလည်း စာရွက်စာဆမ်းတစ်ချို့ထည့်ထားတဲ့ Fileကို ကိုင်လို့ ဝေနှင်းဆီရဲ့ဘေးမှာ ဝင်ထိုင်လိုက်သည်။
အဲ့နောက် Fileကို ရောင်ဝါလတ်အရှေ့ ချပေးပြီး ပြောသည်။
"ဒီအထဲက စာချုပ်တွေနဲ့ အသံဖိုင်ကို တစ်ချက်ဖွင့်ကြည့်ပေးပါ"ရောင်ဝါလတ်မလုပ်ချင်ပါ။ ကိုယ့်သားကိုယ် လာပြန်ခေါ်တာလေ။
ဘာဖြစ်လို့ သူတို့ရဲ့စကားကို ပြိုင်တုပြီး ငြင်းနေရမှာလဲ။
ဒါပေမယ့် ရောင်ဝါလတ်ရဲ့လက်တွေက သူ့ရဲ့စိတ်ကို တွန်းလှန်ပြီး ဖိုင်အိတ်ကို ဖွင့်ကာ စာရွက်တွေကို ဆွဲထုတ်ကြည့်နေမိသည်။
စာချုပ်ထဲမှာ အဓိကရေးသားထားတာတွေက သေဆုံးသွားပြီဖြစ်တဲ့ ကိုသူဆွေဟာ သူ့ရဲ့ဇနီး ဒေါ်မေသက်ရဲ့ ဝမ်းမှာ လွယ်ထားတဲ့ ကလေးရဲ့အဖေတစ်ယောက်ဖြစ်ပြီး အဲ့ကလေးကို သူ့အစား ပြုစုစောင့်ရှောက်ဖို့ ဝေနှင်းဆီတို့ လင်မယားကို အပြီးတိုင် ပေးအပ်ခဲ့တာဖြစ်သည်။
မေသက်ဘက်က လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ သူ့ဟာ အခုသေဆုံးတဲ့အထိ မေသက်နဲ့ မကွာရှင်းရသေးတာကြောင့် အခုချိန်ထိ လင်မယားအရာမြောက်နေသေးသည်။
ဒါကြောင့် မေသက်ရဲ့ကိုယ်ဝန်ဟာလည်း သူနဲ့သက်ဆိုင်နေသေးသည်။
သူသေဆုံးလို့ လစ်လပ်သွားတဲ့ ဖခင်နေရာမှာ ဝေနှင်းဆီတို့ လင်မယားကို အစားထိုးအပ်ပါကြောင်း စာချုပ်မှာ ဖော်ပြထားတာဖြစ်သည်။
မေသက်ဘက်က အကြောက်အကန်ငြင်းဆိုလျှင် လင်ယောက်ျားရှိနေပါလျက်နဲ့ ဦးညိုမှိုင်းနဲ့ လက်ထပ်ခဲ့လို့ တရားစွဲဆိုပါမည်ဟူသော သတိပေးစာလည်း ပါဝင်နေသေးသည်။
ရောင်ဝါလတ် စာချုပ်ကို ကိုင်ရင်း အသားတွေ တဆက်ဆက်တုန်လာခဲ့သည်။
သူက ဘာတွေများ မှားနေခဲ့လို့ အခုလိုတွေ ချိန်းခြောက်ခံနေရတာလဲ။