10

10.6K 892 33
                                    

(U)

Episode(10)Highlight~
"ငါစကားကို နှစ်ခါမပြောဘူး ငါ့ကို ယုံလို့ရတယ်"

✰♪✰♪✰♪

မနက်ကျူရှင်ချိန်ပြီးတာနဲ့ ထမင်းစားခန်းထဲကို သွားရန်ပြင်ဆင်ကြသည်။
ဘော်ဒါနေနေ မနေနေ ညစာကလွဲရင်
အကုန်ဒီကျောင်းဝန်းကြီးထဲက ထမင်းစားခန်းမှာပဲ
စားရတာကြောင့်
ဒီမနက်တွင်လည်း လူစုံတက်စုံဖြစ်နေပြန်သည်။
အလင်္ကာတို့ကျူရှင်ဝိုင်းက သစ်ထင်တို့ထက်
ပိုစောပြီး ဆင်းသွားတာကြောင့်
အလင်္ကာ ထမင်းစားခန်းရှေ့မှာ တစ်ယောက်တည်း ငိုင်တိုင်စွာရပ်နေမိသည်။

ဟို သာလိကာနဲ့ဝက်မနဲ့က ဘယ်ပျောက်နေမှန်းမသိနှင့်
အလင်္ကာ ထမင်းဝင်စားရမလို အတန်းပဲ သွားရမလိုဖြစ်နေတော့သည်။
ဒီလို မနက်ကျတော့မှ ဟိုခွေးသူခိုးတစ္ဆေက ပေါ်မလာတော့ဘူး။
မဟုတ်တဲ့အချိန်ဆို သူရောက်လာပြီ။
ဘာမှမဆိုင်တဲ့ တစေ့ကိုစိတ်ထဲကနေ
ဒေါသထွက်ရင်း ကျောင်းခန်းဆီသို့သာ ဦးတည်လိုက်သည်။

အတန်းထဲကို ဝင်တော့ ဟိုမယ်မင်းကြီးမနှစ်ယောက်က
ကြိုရောက်နှင့်နေပြီး ခေါင်းချင်းဆိုင်ကာ စာတွေကုန်းရေးနေသည်။
အလင်္ကာက ခုံမှာဝင်ထိုင်လိုက်ရင်း တုံတုံ့ကျောကို လက်ညှိုးနှင့်တို့လိုက်သည်။
"စာတွေ ကြိုးစားနေပါလား"
သူတို့နှစ်ယောက်ကတော့ အနောက်ကိုတစ်ချက်ပင် လှည့်မကြည့်ဘဲ
"ငြိမ်ငြိမ်နေစမ်းပါဟာ ဒီမနက်ထပ်ရမယ့်သင်္ချာတွေ မပြီးသေးလို့ သစ်ထင်စာအုပ်ကနေ ကော်ပီနေရတာ"

"ဪဪ ဒါဆိုမြန်မြန်ကူး အတန်းခေါင်းဆောင်လာရင် စာအုပ်တွေ သိမ်းတော့မှာ"

အတန်းခေါင်းဆောင်က သစ်ထင်တို့နှင့် တစ်ဝိုင်းတည်းဖြစ်သည်။
ထိုအချိန်တဂွီဂွီနဲ့ မြည်လာတဲ့ ဗိုက်က
အလင်္ကာအပြင် အရှေ့က မျောက်မူးလဲနှစ်ကောင်ပါ ဖြစ်နေသည်။
အတန်းကလည်း တက်ရတော့မည်။
မုန့်ဈေးတန်းသွားရမှာနဲ့ စားမယ့်အချိန်နဲ့ လုံးဝကိုက်မည်မဟုတ်။

"အိုမို"
အတန်းထဲရဲ့ kpopကို အရူးအမူးကြိုက်တဲ့ သုံးယောက်အဖွဲ့ထဲက
ဘက်ခ်ဟျွန်း ကတော်(ခေါ်)နန်းထက်ဝတီက ရုတ်တရက် ထအော်လိုက်ခြင်းဖြစ်သည်။
"အလင်္ကာဝေ...... အရှေ့မှာ နင့်ကိုလာစောင့်နေတာလားမသိဘူး"
သူကပြောတော့ အလင်္ကာလည်း အခန်းရှေ့ကို လှည့်ကြည့်လိုက်မိသည်။

တစ္ဆေအလင်္ကာ/တစၧေအလကၤာ(Completed)Where stories live. Discover now