(U)
Ep(33)Highlight~
'Add Friend'✰♪✰♪✰♪
ဆယ်တန်းစာမေးပွဲ ဖြေပြီးသုံးရက်လောက်အကြာမှာ
ရှင်းအထက်တန်းကျောင်းPageကနေ ဗြုန်းဆို Postတစ်ခုတက်လာခဲ့သည်။
'အစိုးရစစ်အတန်းတွေကလွဲရင် အခြားသောကျောင်းစစ်အတန်းတွေအတွက် အမှတ်များစစ်ပြီးဖြစ်သောကြောင့် မတ်လ သုံးဆယ့်တစ်ရက်နေ့တွက် ကျောင်းတွင်သော်လည်းကောင်း၊ ကျောင်း၏ Pageမှသော်လည်းကောင်း စာမေးပွဲရလဒ်တွေကို ဖော်ပြမည်ဖြစ်သည်။
ဆုရရှိသူများအား ဧပြီလ ခုနစ်ရက်နေ့တွင် အခန်းအနားနှင့်တကွ ဆုချီးမြှင့်မည်ဖြစ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။'စာတွေကို ဖတ်လို့အပြီးမှာ အလင်္ကာ reactတစ်ခုပေးပြီး Postကို ဆွဲတင်ပစ်လိုက်သည်။
သွားမှာမှမဟုတ်တာ ဘာတွေစိတ်ဝင်စားနေရမှာလဲ။
နောက်ထပ်တက်လာတဲ့ Postကျတော့
'တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုထားတဲ့ ကျောင်းသားတွေအတွက် အထူးအစီအစဥ်လေးတစ်ခုရှိပါတယ်
ဒါကတော့ ဆုပေးပွဲမှာ ပြဇာတ်လေးတစ်ခု ကပြပေးဖို့ပါပဲ
စိတ်ပါဝင်စားရင် Page Cbမှာ လာပြောပါနော်
ကလေးတို့'
အဲ့ဟာကလည်း အလင်္ကာ့အတွက် စိတ်ဝင်စားဖို့ ကောင်းမနေသေးပြန်ဘူး။
ဖုန်းရဲ့မျက်နှာပြင်ကို ပျင်းရိပျင်းတွဲနဲ့ ပွတ်ဆွဲနေသူ အလင်္ကာရဲ့ မျက်လုံးတွေကို ပြူးသွားစေသော အရာမှာ
စောစောက Postရဲ့အောက်မှာ တစ်ခုတည်း ထင်းထင်းကြီးပေါ်နေတဲ့ မြဲတစေရဲ့ မန့်ဖြစ်သည်။
'စိတ်ဝင်စားတယ်'တဲ့။
မန့်ထားတဲ့ ပုံစံက ခပ်ပြတ်ပြတ်ပဲ။ သူ့မန့်မှာကလည်း Loveတွေ wowတွေမှ ထောင်နဲ့ချီလို့။
တခြားကောင်မလေးတွေကလည်းဆိုတာ
ပြဇာတ်မှာ ကဖို့ကို အပြိုင်အဆိုင်တွေကို မန့်နေကြသည်။
အဲ့နေရာကြီးသာ ရေအိုးကြီးဆို သူတို့မန့်တွေနဲ့ လျှံထွက်ပြီး အိုးပါကွဲသွားနိုင်သည်။
'ပါမယ် ပါမယ်''သမီးလည်း ကမယ်'
'ဆရာမတို့ရေ Page cbလေးထဲ တစ်ချက်ဝင်ကြည့်ပေးပါဦး'
'အားးးးငါဘာလို့ ကိုးတန်းဖြစ်နေရတာလဲ'
အလင်္ကာ စိတ်ပျက်လွန်းလို့ ဖုန်းတောင်ကိုင်ပေါက်ချင်စိတ်ဖြစ်သွားသည်။
သူ့ကို တစ်နှစ်လုံး ချစ်တယ်ဆိုပြီး တဖွဖွပြောနေတဲ့လူက အခုတခြားမိန်းကလေးတစ်ယောက်နဲ့ ပြဇာတ်ကဖို့လုပ်နေတယ်။
ပြီးတော့ မန့်လေးတစ်ခုနဲ့ ကျောင်းကကောင်မလေးတွေလည်း မြှူစွယ်နေသေးတယ်။
"ခွေးသူခိုး တစ္ဆေကောင်"
အလင်္ကာ တိုးတိုးလေးဆဲဆိုလိုက်ပြီး
မန့်တွေထဲကနေထွက်ဖို့အလုပ် အခုမှတက်လာတဲ့ မန့်အသစ်က မြဲတစေဆိုတဲ့ နာမည်နဲ့ဖြစ်နေသည်။
'အလင်္ကာဝေနဲ့ပဲ ကမှာ'