(U)
Ep(18) Highlight~
"ဟို မျိုးမစစ်ကောင်ကို ဖြုတ်ချပစ်မယ်"✰♪✰♪✰♪
"အချစ်ရေ.....နေကောင်းသွားပြီလား"
အလင်္ကာ အိပ်နေတာကို ဘေးကနေ တိုးတိုးလေး
လာစနေသော တစေပါလေ...။
ဘယ်လောက်တောင် စိတ်တိုချင်စရာကောင်းလဲ
အခုမှ နေပြန်ကောင်းခါစလူကို ကောင်းကောင်းမအိပ်ရအောင် လာနှောင့်ယှက်နေတယ်လေ။
အလင်္ကာ မသိချင်ယောင်ဆောင်ပြီး
သူ့ကို ကျောခိုင်းကာ ဆက်အိပ်နေလိုက်သည်။
မနက်စာကျက်ချိန်ကလည်း လိုသေးတာမို့
အပျင်းတစ်ပြီး လှဲနေတာလည်း ပါသည်။
"ပိစိရေ....အချစ်ရေ....ပူတူးရေ...ကာကာလေးရေ....
ကွေကာအုပ်လေးရေ..."ဘေးကနေ အဆက်မပြတ်နာမည်မျိုးစုံ ခေါ်ဆိုနေသူကြောင့်
အလင်္ကာ စိတ်ထဲ ထောင်းခနဲဒေါသထွက်သွားကာ
ခြုံထားတဲ့စောင်ကို မြန်ဆန်စွာ ဖယ်ရင်း ခုတင်ပေါ်မှာ ငုတ်တုတ်ထထိုင်လိုက်သည်။
သူ့ကိုသူလည်လှပြီလို့ ထင်နေတဲ့ တစေက
အလင်္ကာ ဒီဘက်ကို လှည့်မလာခင်မှာတင်
သူ့ ခုတင်ပေါ်ကို လွှားခနဲ ခုန်တက်ရင်း
စောင်ခြုံကာ ပြန်အိပ်နေသည်။
ခုနက အလင်္ကာ့နားနားမှာ လာပြောနေတာ သူမဟုတ်ပါဘူးပေါ့...။
စိတ်တိုချင်စရာကောင်းတဲ့အကောင်
ကလေးအကွပ်တွေနဲ့လာနောက်နေတယ်။အလင်္ကာ ဒေါသထွက်ထွက်နဲ့ "ငါ့အကြောင်းပြရသေးတာပေါ့"ဆိုတဲ့ ပုံစံနဲ့
ခုတင်ပေါ်ကဆင်းကာ တစ်ဖတ်ခုတင်မှာ အိပ်နေတဲ့ တစေ့ခြေထောက်နှစ်ဖတ်ကို
လက်နဲ့ကိုင်ပြီး ခုတင်ပေါ်ကနေ ဆွဲချပစ်လိုက်သည်။
တစေကလည်း ရုတ်တရက်မို့ လန့်သွားတယ်ထင်သည်။
လက်နှစ်ဖတ်က ကို့ယို့ကားယားနဲ့ "အား......"ဆိုတဲ့
အသံရှည်ကြီးကို ဆွဲပြီး အောက်ကို တရွတ်တိုက် ပါလာလေရဲ့။ခြေထောက်ကို အလင်္ကာ လွှတ်လိုက်သည်နှင့်
တစေလည်း စောင်ပုံကြားကနေ
ဖြဲရဲထလာကာ အလင်္ကာ့ကို ရယ်ပြီးကြည့်နေသည်။
"ဘာလုပ်တာလဲ အချစ်ရ
ငါ့ကို ကြမ်းပြင်နဲ့ခေါင်းရိုက်ပြီး သေစေချင်နေတာလား""သေလည်း အေးတာပဲ ဘာလို့ငါ့ကို လာနှောင့်ယှက်နေသေးလဲ"
"ဟွန်း? ဘယ်မှာနှောင့်ယှက်လို့လဲ"
![](https://img.wattpad.com/cover/293726069-288-k736697.jpg)