(U)
Ep(28)Highlight~
"-ီးကောင် ငါကြောက်လာပြီနော် အရှိန်လျှော့လို့"✰♪✰♪✰♪
စာမေးပွဲမဖြေခင်အတွင်း တစေက ကျောင်းနားခံထားရတာကြောင့် ဘော်ဒါဆောင်မှာသာ နေရင်း ကျူရှင်နဲ့ဂိုက်တွေကို တက်သည်။
တစ်ခါတလေတော့လည်း ဘော်ဒါက ဖုန်းနဲ့ ကင်းဆီကို ဖုန်းခေါ်ရင်း စကားတွေ ပြောလေ့ရှိသည်။စာမေးပွဲဖြေတဲ့ညတွေမှာဆို အလင်္ကာနဲ့ အပြန်အလှန် စာတွေကို အမေးအဖြေ လုပ်တတ်သည်။
Bioဖြေပြီးတဲ့ရက်မှာ တစေက အရင်ရက်တွေကလိုပဲ အလင်္ကာ့ကို အခန်းရှေ့မှာ သွားစောင့်နေသည်။
အလင်္ကာနဲ့အတူ သစ်ထင်တို့သုံးယောက်ကလည်း ထွက်လာကြသည်။
အလင်္ကာက တစေ့အရှေ့ကို တန်းတန်းလျှောက်သွားလိုက်ပြီး တစေ့ကိုပြုံးပြလိုက်သည်။
အလင်္ကာ့လက်ကို ဆွဲပြီး မပြန်ခင်မှာတင် တစေ လှည့်ပြောလိုက်သည်။
"လပြည့်ကျော်တစ်ရက်နေ့ကျရင် အိမ်ကိုလာလည်ကြမလား"သစ်ထင်က ခပ်တွန့်တွန့်လေသံနဲ့ပြန်မေးလိုက်သည်။
"ငါတို့ကို ပြောတာလား""အင်းလေ"
"လာပြီး....ဘာလုပ်ရမှာလဲ"
ဟုတ်တယ်လေ သူတို့စိတ်ထဲမှာလည်း ထူးဆန်းနေတာပေါ့။ တစေက အလင်္ကာ့ကို မဟုတ်ဘဲ သူတို့ကို အိမ်လည်ခေါ်တယ်?
ရေတွေက ပြောင်းပြန်စီးနေတာလား။"အလင်္ကာက အဲ့နေ့ကျရင် အိမ်မှာ ရုပ်ရှင်ကြည့်ချင်တယ်ဆိုလို့ မင်းတို့ကသူနဲ့အရင်းနီးဆုံးတွေမလား သူပိုပျော်မယ်ထင်လို့ပါ"
ဒီအတိုင်း အလင်္ကာ ငြိမ်ငြိမ်လေးသာ ရပ်နားထောင်နေလိုက်သည်။
တကယ်တော့ အိမ်လည်ခေါ်ဖို့ကို အလင်္ကာ ကိုယ်တိုင်တောင်းဆိုထားတာပါ။
ဒီတလောမှာ သူက တစေနဲ့ပဲတွေ့တာများပြီး သစ်ထင်တို့သုံးယောက်အတွက် အချိန်မပေးရသေးတာမို့ တစေ့အိမ်ကို ခေါ်ပေးရန် တောင်းဆိုလိုက်တာဖြစ်သည်။ကြားထဲက ထဖောက်တာက တုံတုံ။
"ဘာလို့လာကြည့်ရမှာလဲ ငါ့အိမ်မှာလည်းTVရှိသားပဲ"အဲ့ဒါကိုကြားတော့ တစေက စိတ်မရှည်သလိုပုံမျိုးနဲ့ ပြုံးလိုက်ရင်း တစ်ခွန်းတည်း ပြောလိုက်သည်။
"ကင်းကိုလည်း ခေါ်ထားသေးတယ်"