(U)
EP(36)Highlight~
"မင်းရဲ့ပါးကတော့ ငါ့ပါးစပ်နဲ့ နီးနေပြီ"✰♪✰♪✰♪
အစီအစဥ်သုံးခုလောက်အပြီးမှာ
တစေတို့အလှည့်ကို ရောက်ရှိလာပြီ။
အလင်္ကာ စိတ်လှုပ်ရှားလွန်းလို့ သူ့လည်ပင်းရိုးနဲ့
ညှုပ်ရိုးတွေ ချိုင့်နေရာမှာတောင် ချွေးသီးလေးတွေ ခိုတွဲလာခဲ့သည်။
သူက အခုလို လူတွေ အများကြီးအရှေ့မှာ
မိန်းကလေးတစ်ယောက်လို သရုပ်ဆောင်ဖို့ကို
ဘယ်တုန်းကမှ မမျှော်လင့်ထားဖူးဘူး။အခုအနေအထားကြီးက ပိုတောင်စိုးရိမ်ရသေးသည်။
သူ့မိသားစုကလည်း ကြည့်နေပြီး
ရာထူးအာဏာနဲ့ လူတစ်ချို့ကလည်း ရှိနေသေးသည်။
စင်ပေါ်မှာ သရုပ်ဆောင်နေတဲ့ Graceလင်းကို
အလင်္ကာတိတ်ဆိတ်စွာနဲ့ ရပ်ကြည့်နေမိသည်။တစေက သူ့ရဲ့ လက်နွေးနွေးနဲ့ အလင်္ကာ့လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။
"မကြောက်နဲ့နော်.....။ စကားတွေလည်း မှားမပြောမိစေနဲ့ဦး"အလင်္ကာ သဘောတကျနဲ့ တစေ့ကို မော့ကြည့်မိသည်။
သူ့ရဲ့ချစ်သူက ဟာသ မပြောတတ်ပေမယ့်
သူ့ကိုစိတ်လှုပ်ရှားတာလျော့အောင်တော့ ပြောပေးတတ်သည်။
Graceရဲ့အခန်းအပြီး အလင်္ကာရဲ့အခန်းရောက်ပြီ။
အလင်္ကာ တံတွေးကို မြိုချလိုက်ပြီး
ချွေးတွေနဲ့ရွှဲနေတဲ့ သူ့လက်ကို တစေ့လက်ထဲကနေ
မထုတ်ချင်ထုတ်ချင်နဲ့ အတင်းဆွဲထုတ်ကာ
စင်ပေါ်ကို တက်သွားတော့သည်။အလင်္ကာ သူ့ဂါဝန်စကို လက်နှစ်ဖတ်နဲ့ ဆုပ်ကိုင်ပြီး
အရှေ့က ပရိတ်သတ်တွေကို ကြောက်ရွံ့မှုအပြည့်နဲ့
ဝေ့ဝဲကြည့်လိုက်သည်။
သူ့ရဲ့မိသားစုက သူ့ကို မျှော်လင့်ချက်အပြည့်နဲ့
ဝိုင်းကြည့်နေကြပြီး တစေ့ရဲ့ မိဘနှစ်ပါးက
ရိုးရိုးပွဲကြည့်သူတွေလို သာမန်ကာလျှံကာ အနေအထားသာ ရှိနေသည်။
ပြီးတော့ မိသားစုနှစ်စုကြားက
Graceရဲ့ အမေနဲ့အဖေနဲ့Berryငြိမ်းတို့ သုံးယောက်က ခပ်ပြုံးပြုံးနဲ့ ဝိုင်းကြည့်နေကြသည်။အလင်္ကာ မနေတတ်တော့ဘူး စင်နောက်ကို ပြန်ပြေးဖို့တောင်
သူ့ရဲ့ခြေထောက်တွေက အဆင်သင့်ဖြစ်နေရပြီ။
အလင်္ကာ တစေ့ကို အားကိုးတကြီးလှည့်ကြည့်လိုက်သည်နှင့်
တစေက သူ့ကို အနူးညံ့ဆုံးပုံစံနဲ့
သူမျှော်လင့်နေတယ်ဖြစ်ကြောင်း ပုံစံပြကာ ပြုံးပြသည်။
အလင်္ကာ ကတုန်ကယင်နဲ့ ခေါင်းပြန်ညိတ်ပြပြီး
ဂါဝန်ကို ဆုပ်ကိုင်ထားတဲ့လက်တွေကို ဖြေလျော့ပစ်လိုက်သည်။