16

8K 755 37
                                    

(U)

Ep(16) Highlight~
"အလင်္ကာဝေ စာလုပ်နေသည်။ မြဲတစေ ဝင်မလာရ!!"

✰♪✰♪✰♪

အရှေ့တန်းက မိငယ်တို့နှစ်ယောက်က
ထုံးစံအတိုင်းက တွတ်ထိုးနေကြပြီး ဘေးက သစ်ထင်ရောင်ကတော့
English Grammarတွေနဲ့ အလုပ်ရှုပ်နေသည်။
အလင်္ကာ လက်ဝါးပေါ်ကို မေးထောက်ရင်း
အရှေ့က Bioစာအုပ်ကို ငူငူကြီး ထိုင်ကြည့်နေ၏။
မျက်လုံးတွေက စာအုပ်ပေါ်ကျရောက်နေပေမယ့်
အမြင်အာရုံကတော့ လေဟာနယ်ထဲ ပျံဝဲနေပြီး
အတွေးတွေကလည်း တစ်ဖတ်အခန်းမှာ ဘာလုပ်နေမှန်းမသိတဲ့ မြဲတစေဆီမှာသာ.....။

တကယ်ကို ဘာပုံဆွဲပေးရမလဲဆိုတာ
အလင်္ကာ စဥ်းစားလို့မရဘူး။
အမှန်ဆို အလင်္ကာ ပြောခဲ့သလိုပဲ တစေ့ရဲ့ခန္ဒာကိုယ်မှာ
သူကြိုက်လောက်တဲ့ပုံစံမရှိဘူးလို့ ယူဆထားပေမယ့်
အားကျရတဲ့အစိတ်အပိုင်းတွေက များစွာရှိနေသည်။
သူ့ဗိုက်နဲ့ရင်ဘက်ပေါ်က ကြွက်သားတွေ၊ ပြီးတော့ အားလုံးထဲမှာ ပြိုင်ဘက်ကင်းနေတဲ့ အရပ်အမောင်းနဲ့၊ ခန့်ညားတဲ့ရုပ်ရည်သွင်ပြင်၊ ကျယ်ပြန့်တဲ့ ကျောပြင်တွေ
ဒါတွေအားလုံးက အလင်္ကာကိုယ်တိုင် အားကျပြီး ခိုးကြည့်ခဲ့ရတဲ့အရာတွေသာ ဖြစ်သည်။
ဒီလို လူတိုင်းအားကျရလောက်တဲ့အထိ
ပြည့်စုံနေတဲ့လူမျိုးကို
အလင်္ကာဝေဆိုတဲ့ ကောင်လေးသေးသေးရဲ့ ဘယ်လိုအစိတ်အပိုင်းကများ
ဆွဲဆောင်နိုင်လိုက်သလဲဆိုတာ
အလင်္ကာကိုယ်တိုင်တောင် အဖြေရှာမရဖြစ်နေရသည်။

'Ok! တော်လောက်ပြီ ဒီအကြောင်းကို မတွေးတာပဲကောင်းတယ်။
သူငါ့ကို ဘာအကြောင်းကြောင့်နဲ့ပဲ ကြိုက်ကြိုက် ဒါ သူ့ကိစ္စပဲ ငါဂရုစိုက်စရာမလိုဘူး´

အလင်္ကာ ပြန့်ကျဲနေတဲ့ အာရုံတွေကို တဖန်ပြန်လည်စုစည်းပြီး
နံရံပေါ်က တိုင်ကပ်နာရီကို လှမ်းကြည့်လိုက်သည်။
ကျောင်းပြန်တက်ရတော့မှာ ဖြစ်တဲ့အတွက်
အရှေ့က Bioစာအုပ်ကို သိမ်းလိုက်ပြီး
အတန်းချိန်ဇယားအရ Chemistryစာအုပ်ကို
အဆင်သင့်ထုတ်ထားလိုက်သည်။
တစ်ချိန်တည်းမှာပဲ ဦးနှောက်ရဲ့ အတွေးတံခါးမှာပါ
ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားလိုက်သည်။

တစ္ဆေအလင်္ကာ/တစၧေအလကၤာ(Completed)Wo Geschichten leben. Entdecke jetzt