38

5.7K 585 75
                                    

(U)

Ep(38)Highlight~
'ငါတို့ လမ်းခွဲရအောင်´

✰♪✰♪✰♪

အားတဲ့အချိန်တိုင်း တစေနဲ့ အလင်္ကာက စကားပြောလေ့ရှိပြီး တစ်ခါတရံ Vedio call​တွေပါပြောတတ်ကြသည်။
အလင်္ကာက ရှက်လို့ မျက်နှာကို ဟိုလှည့်ဒီလှည့်နဲ့ နေပေမယ့် တစေကတော့ တစ်ဖတ်ကနေ မျက်နှာကို မျိုးစုံလုပ်ပြနေသည်။
"အာ....ဘွား"ဆိုပြီး အသံရှည်ကြီးဆွဲကာ
ဖုန်းကင်မရာကို ကပ်လာတဲ့ တစေ့နှုတ်ခမ်းကြီးကို ကြည့်ရင်း အတောမသတ်နိုင် ထထရယ်ရတာက အကြိမ်ကြိမ်။

တကယ်တော့ အခုရက်ပိုင်း တစေ အလင်္ကာ့ကို တုံတုံနဲ့ ပတ်သတ်ပြီး
သတင်း အစအန နှိုက်ယူချင်နေသည်။
ဒါပေမယ့် ကောင်လေးနဲ့ရှိနေတဲ့အချိန် တခြားလူအကြောင်းကို မပြောချင်တဲ့ တစေက အဲ့ကိစ္စကို မေးဖို့အရေး တော်တော်လေး အရှိန်ယူနေရသည်။
ဒါပေမယ့် မမေးဘဲနဲ့လည်း မနေနိုင်။
ကင်းဆိုတာ ဘယ်သူမို့လို့လဲ
သူ့ရဲ့ တစ်ယောက်တည်းရှိတဲ့ ငယ်သူငယ်ချင်းလေ။
သူ့ရဲ့သူငယ်ချင်းကောင်ချောလေးက Play Boyတစ်ယောက်လို အထင်ခံရမှာကိုတော့ သူလုံးဝ လက်ပိုက်ကြည့်မနေနိုင်ဘူး။

တစေ နှုတ်ခမ်းကို လျှာဖြင့်သပ်ရင်း ဖုန်းမျက်နှာပြင်ပေါ်က အလင်္ကာ့ကို အလေးအနက်ထားကာ ကြည့်လိုက်သည်။
"သိမ့်သိမ့်တုံနဲ့ စကားပြောဖြစ်သေးလား"

တစေ့ရဲ့အသံက အနည်းငယ်တီးတိုးနေပြီး
မေးချင်သလို မမေးချင်သလိုဖြစ်နေသည်။
အလင်္ကာကတော့ တစေ တုံတုံ့အကြောင်းမေးလို့
သဝန်တိုတာတို့ ဘာတို့တွေ ဖြစ်မနေပါဘူး။
ဒီတိုင်း မျက်လုံးလေးဝိုင်းလျက်နဲ့ပဲ ပြန်ဖြေလိုက်သည်။
"ပြောဖြစ်ပါတယ် ဘာဖြစ်လို့လဲ"

"ဘာမှတော့ မဟုတ်ပါဘူး သူနဲ့ကင်း.....
အဆင်ပြေရဲ့လား သိချင်လို့ပါ"
ထူးထူးဆန်းဆန်း မြဲတစေက စကားကို အသံရှည်စွဲပြီး
တစ်ခါမှမလိမ်ဖူးဘဲ အခုမှ စလိမ်ကြည့်တဲ့
ကလေးတစ်ယောက်လို အမူအရာဖြစ်နေသည်။
အလင်္ကာ ခပ်တည်တည်နဲ့ မျက်မှောင်ကို ဖွဖွကြုတ်လိုက်ရင်း
"သူတို့ဘာဖြစ်ထားကြလို့လဲ"ဟု မေးလိုက်သည်။

တစေ့မျက်လုံးတွေက ဂနာမငြိမ်ဖြစ်ပြီး
တစ်ခုခုကို ပြောဖို့ တွေဝေနေတာမျိုးဖြစ်နေသည်။
တစေက အလင်္ကာ့ကို ဘယ်အရာမှ မဖုံးကွယ်ချင်ဘူးဆိုပေမယ့် ဒီလို အခြားလူတစ်ယောက်ရဲ့ကိစ္စကိုတော့ လက်လွတ်စပယ်ကြီး မပြောပစ်ချင်ဘူး။
ကင်းက တစေ့ကို ဖွင့်ပြောသလို
တုံတုံကလည်း အလင်္ကာတို့ကို ဖွင့်ပြောမယ်ဆို နှစ်ဦးနှစ်ဖတ် သူငယ်ချင်းတွေက ပွင့်ပွင့်လင်းလင်းဆွေးနွေးလို့ ရမည်။
ဒါပေမယ့်အခုက တုံတုံ့ဘက်က ဘာမှမပြောထားဘူးဆိုတော့ အခြားလူက မသိစေချင်တဲ့ ကိုယ်ရေးကိုယ်တာကိစ္စကို တစေက အလယ်ကနေ ဖောက်သည်ချသလို ဖြစ်နေလိမ့်မည်။
အလင်္ကာ ခေါင်းကို ပျင်းတွဲတွဲနဲ့ သုံးချက်လောက်ညိတ်ပြီး ပြောလိုက်သည်။
"သင်္ကြန်ကျရင် စံသာကို လာမယ်မလား
ကင်းကိုလည်း ခေါ်ခဲ့လေ တုံတုံနဲ့မိငယ်က ငါ့ဆီလာမယ်လို့ပြောတယ်
အားလုံးဆုံကြတာပေါ့"

တစ္ဆေအလင်္ကာ/တစၧေအလကၤာ(Completed)Donde viven las historias. Descúbrelo ahora