11

9K 844 20
                                    

(U)

Ep(11)Highlight~
သူတစ်ခုခုဖြစ်သွားမယ်ဆိုရင်တောင်
ကျွန်တော်က အပြည့်အဝကာကွယ်ပေးမှာပါ

✰♪✰♪✰♪

အလင်္ကာက တစ်ခါမှကျောင်းထဲကနေ ခိုးမထွက်ဖူးတာကြောင့်
အခုထိ ကြောက်စိတ်က မပျောက်သေးဘူး။
အခန်း(၂)ရှေ့ရောက်တာတောင် မဝင်ဘဲ အရှေ့ကို ချော်တောငေါ့ပြီး ကျော်သွားတာကြောင့်
တစေကပဲ ဂုတ်ကနေဆွဲကာ တံခါးပေါက်ဆီကို
ဦးတည်ပေးလိုက်ရသည်။
"ဝင်တော့"
တစေပြောပြီးတာနဲ့ အလင်္ကာက စမ်းစမ်းစမ်းစမ်းနှင့်
အတန်းထဲကို လျှောက်လာခဲ့သည်။
ခုံမှာထိုင်ဖို့လုပ်ကာမှ သစ်ထင်ရဲ့"ပဲနို့ဘူးကြီး ပစ်လိုက်ဦးလေ ဆရာမလာရင် အဆူခံရဦးမယ်"ဟူသော သတိပေးစကားကို ကြားကာ လက်ထဲက တစေ့ပဲနို့ကို သတိရသွားသည်။
အလင်္ကာကမှ ဘူးအောက်ခြေရောက်တဲ့အထိ သောက်ခဲ့ရသေးပေမယ့်
တစေ့ဘူးက အခုထိ တစ်ဝက်ကျိုးပဲ ကုန်သေးတာ။
တစေ ဘယ်လိုလုပ်ပြီး ဗိုက်ဝပါ့မလဲ။
အလင်္ကာ စိတ်ထဲ အတော်လေးစိုးရိမ်သွားသည်။
တစေ့လို လိုတရလူတစ်ယောက်က ဗိုက်ဆာခြင်းဆိုတာကို
ခံစားဖူးမှာမဟုတ်ဘူး။
အလင်္ကာတောင် ခံစားဖူးတာမဟုတ်ဘူး။
နည်းနည်းလေး အဆာလွန်တာနဲ့ ဘေးကလူတွေကို ပတ်ရမ်းချင်တော့တာပဲ။
မြဲတစေလို ဒေါသအိုးပေါက်ကွဲရင်တော့
အခန်းထဲက လူတွေပါမကျန် ဆရာမပါ အကောင်းနေရမည်မဟုတ်ပေ။

အလင်္ကာ အခန်းတံခါးရှေ့ကိုသွားကာ
လှေကားအတက်အဆင်းကိုကြည့်တော့
ဆရာမနဲ့တူတဲ့ အရိပ်တစ်ခုလေးတောင် မတွေ့ဘူး။
ဒါကြောင့် အခန်း(၁)ဘက်ကို အမြန်ပြေးပြီး
အခန်းဝမှာ မတ်တပ်ရပ်ကာ ကျောင်းသားတစ်ယောက်ကနေ တစ်ဆင့် တစေ့ကို လှမ်းခေါ်လိုက်သည်။
တစေက အရှေ့ဆုံးတန်းမှာ ထိုင်နေတာဖြစ်တဲ့အတွက်ကြောင့်
အလင်္ကာ အရှေ့ပေါက်ကနေ ခေါ်လိုက်ရခြင်းဖြစ်သည်။
တကယ်တော့ အခုလို အတန်းထဲကလူတွေ
ထူးဆန်းကြည့်နဲ့ လှမ်းကြည့်ကြတာကို အလင်္ကာ မကြိုက်ဘူး။
ပြီးတော့ ကြည့်တဲ့လူတွေက တစ်ကျောင်းလုံးရဲ့ လက်ရွေးစင်ကျောင်းသားတွေဖြစ်နေတဲ့အတွက် အလင်္ကာပိုပြီးတော့ မပျော်မရွှင်ဖြစ်ရသေးသည်။
တစေ အနားကို ရောက်လာတာနဲ့ လက်ထဲမှာကိုင်ထားတဲ့
ပဲနို့ဘူးကို အမြန်ကမ်းပေးလိုက်သည်။
တစေက မျက်မှောင်ကြုတ်ကြည့်လိုက်ပြီး
ချက်ချင်းဆိုလာသည်။
"မင်း ငါ့ကို မြွေကိုက်အောင်လုပ်နေတာလား
ပြီးရင် ဆရာမ လာတော့မှာလေ
ငါမသောက်တော့ဘူး"

တစ္ဆေအလင်္ကာ/တစၧေအလကၤာ(Completed)Where stories live. Discover now