(U)
Ep(40)Highlight~
ဟိုးရှေးရှေးဘဝတုန်းက အမောင်တစေဟာ အလင်္ကာဝေရဲ့ ကျေးကျွန်တစ်ယောက်ဖြစ်ခဲ့သလားပဲ။✰♪✰♪✰♪
~အကြိုနေ့~
အလင်္ကာတို့မိသားစုက မနက်စောစောထပြီး လမ်းထဲမှာ ကျွေးဖို့မွေးဖို့အတွက် စားစရာတွေ ပြင်ဆင်ကြသည်။
ဒေါ်ဝေနှင်းဆီနဲ့ ဦးမျိုးခိုင်က မနက်(၇)နာရီလောက်ကျရင် ဘုန်းကြီးကျောင်းသွားမှာဖြစ်သောကြောင့် မြန်မာမုန့်တွေကို မိသားစုလိုက်လုပ်ကိုင်ထုပ်ပိုးရန် တစ်အိမ်သားလုံးအလုပ်တွေရှုပ်နေကြသည်။
နေထွက်ခါစအချိန် မနက်(၆)နာရီကျော်လောက်မှာ တစေနဲ့ကင်းက ဆိုင်ကယ်အသီးသီးစီးပြီး အလင်္ကာတို့အိမ်ကို ရောက်လာတော့၏။
ဆိုင်ကယ်သံကြားတာနဲ့ အလင်္ကာ အိမ်ပေါ်ကနေ ခုန်ပေါက်ပြေးဆင်းပြီး အိမ်ရဲ့တံခါးမကြီးကို သွားဖွင့်သည်။
"ဖြည်းဖြည်းဆင်းလေ ကာကာရဲ့ ဒီကလေးချော်လဲတော့မှာပဲ"သော်တာဝေက ကျောက်ကျောဗန်းကြီးကို မနိုင်မနင်းမ,ရင်း လှမ်းအော်ပြောလိုက်သည်ကိုတောင် အမှုမထားဘဲ မှန်တံခါးကြီးကို အားနဲ့တွန်းဖွင့်လိုက်တဲ့ အလင်္ကာဝေသည် ဆိုင်ကယ်ပေါ်က ဆင်းလာတဲ့ လူချောလေးအမောင်တစေကို သွားတို့ဖော်ကာ နှစ်လိုဖွယ်ရယ်ပြလိုက်သည်။
တစေတစ်ယောက် နေကာမျက်မှန်ကို ချွတ်လိုက်ရင်း လှိုက်တက်လာတဲ့ရင်ထဲက အသည်းယားခြင်းကို အံကြိတ်ပြီးတော့သာ ဖြေဖျောက်လိုက်ရသည်။
ဒီနေရာသာ သူတို့ရဲ့ဆယ်တန်းဘော်ဒါဆောင်ကြီးဆို အဲ့အရှေ့ကောင်လေး သေပြီပဲ။
အခုတော့ မိသားစုတွေရှိနေတဲ့နေရာဆိုတော့ သူ့ရဲ့ဖျစ်ညှစ်ပစ်ချင်နေတဲ့ စိတ်ကိုခက်ခက်ခဲခဲနဲ့ ထိန်းချုပ်ထားရသည်။
တစေနဲ့ကင်းနှစ်ယောက်သား အိမ်တံခါးနားမှာရပ်နေတဲ့ အလင်္ကာ့ဆီလျှောက်လာကြသည်။
အလင်္ကာက အဝတ်အစားလည်း မလဲထားဘဲ ညဘက်ဝတ်အိပ်နေကျ ကာတွန်းဝမ်းဆက်ကို ဝတ်ထားသည်။
တစေ သူ့လည်ပင်းမှာရှိတဲ့ Vapeကို တစ်ချက်ရှိုက်လိုက်ရင်း အလင်္ကာကို ငုံ့ကြည့်လိုက်သည်။
"အချစ် အင်္ကျီမလဲသေးဘူးလား""မလဲတော့ဘူးလေ အပြင်မှမထွက်တာ"
"ဒါပေမယ့် ရေဆော့ကြမှာလေ ရေစိုရင် အချစ်ဝတ်ထားတာတွေက အရမ်းပါးလွန်းတယ်"