42

6.1K 550 53
                                    

စာလုံးပေါင်း မစစ်ရသေးပါ

(U)

Ep(42) Highlight~
မြဲတစေဆိုတဲ့ကောင်က တကယ့်မှ Black Manကြီး။

✰♪✰♪✰♪

အကြိုနေ့ညတစ်ညလုံး ကုန်ဆုံးသွားတဲ့အထိ အလင်္ကာနဲ့ တစေတို့ စကားမပြောဖြစ်ခဲ့ကြဘူး။ အလင်္ကာက တစေ့ကို စကားပြောဖို့ လိုင်းပေါ်ကနေ တစ်ချိန်လုံးထိုင်စောင့်နေပေမယ့်
တစေကတော့ လုံးဝကို ပြန်ပေါ်မလာခဲ့ပါ။
အလင်္ကာ တော်တော်လေးစိတ်မကောင်းဖြစ်သွားရသည်။ တစေက သူမအားဘူးဆိုလည်း မအားကြောင်းကြိုပြောမှပေါ့။
အခုတော့ အလင်္ကာက ဖုန်းကြီးကို ကိုင်ပြီး အချိန်တွေ အလကားပုပ်ကုန်ရတော့သည်။
ဆယ့်တစ်နာရီထိုးတဲ့အချိန်မှာ အလင်္ကာ စိတ်ထဲစနိုးစနောင့်လေးဖြစ်ပြီး အိပ်ယာကို ဝင်သွားတော့၏။

မနက်မိုးလင်းလို့ အိမ်ကအစ်မသုံးယောက်ရဲ့ အသံကိုကြားတဲ့အခါ
အိပ်ယာမှ ချက်ချင်းကောက်ထလိုက်သည်။
မျက်နှာသစ်၊ သွားတိုက်ပြီး အိပ်ယာကနိုးတဲ့အတိုင်း အဝတ်အစားကို မလဲတော့ဘဲ အိမ်အောက်သို့ တန်းဆင်းသည်။
ဒီနေ့လည်း အရင်နေ့ကလိုပဲ မုန့်လုပ်ကြမှာဆိုပေမယ့် အစ်မသုံးယောက်ရဲ့ လုပ်ဖော်ကိုင်ဖတ်နဲ့ ကျောင်းကသူငယ်ချင်းဟောင်းတွေလည်း လာလည်ကြမည်ဟု ကြားထားသည်။
အလင်္ကာ ဘယ်လိုနေရမှန်းမသိတော့ဘူး။ လူတွေအများကြီးနဲ့ပြည့်နှပ်နေတဲ့အိမ်မှာ သူကလည်း သူ့သူငယ်ချင်းတွေကို ဧည့်ခံရဉီးမည်။
အလင်္ကာ မျက်နှာကို လက်နှစ်ဖတ်နဲ့ ပွတ်ဆွဲသပ်ချလိုက်ပြီး မီးဖိုခန်းထဲကို ဝင်သွားလိုက်၏။

(၇)နာရီကျော်ကျော်လောက်မှာ မေမေနဲ့ဖေဖေလည်း ကျောင်းကို သွားဖို့ အိမ်မှ စထွက်ကြတော့သည်။
မေမေက မသွားခင်မေးသွားသေးသည်။
"တစေတို့မလာသေးဘူးလား"တဲ့။ သူ့ရဲ့သားမက်ကို မျှော်ဖို့တော့ မမေ့တဲ့ မေမေပါ။
မေမေတို့ထွက်သွားပြီးမကြာဘူး တစေနဲ့ကင်းလည်း ဆိုင်ကယ်အသီးသီးဖြင့် ရောက်လာကြတော့သည်။
တစေက အရင်နေ့တွေနဲ့ မတူဘဲ ဆံပင်ကို ဂျယ်​တွေဖြင့် ပြောက်တိပြောက်ကျား ထောင်လာသည်။ အနက်ရောင်တီရှပ်အပွကြီးပေါ်မှာပါတဲ့ အရိုးခေါင်းက တစေ့ဆံပင်နဲ့ တွဲကြည့်လိုက်တဲ့အချိန်မှာ မိုက်ကမ်းကမ်းလူဆိုးကောင်လေးတစ်ယောက်လို ပြောင်းလဲသွားသည်။
အလင်္ကာပြုံးရင်း တစေ့အနားပြေးသွားသည်။
တစေက အလင်္ကာသူ့အနားကို ရောက်တာတောင် အရယ်အပြုံးမလုပ်သည့်အပြင် မျက်နှာပေါ်က မျက်မှန်အမည်းကြီးကိုလည်း မချွတ်ဘဲ ဆက်တပ်ထားသေးသည်။
အလင်္ကာ မျက်မှောင်လေးကြုတ်ရင်း မေးလိုက်သည်။
"မင်း ဘာဖြစ်နေတာလဲ။ ငါ့ကို စိတ်ကောက်နေတာလား"

တစ္ဆေအလင်္ကာ/တစၧေအလကၤာ(Completed)Место, где живут истории. Откройте их для себя