31

6.5K 605 71
                                    

(U)

Ep(31) Highlight~
ချောကလက်က ခါးတယ်....။
ဒါပေမယ့် သူနဲ့အတူ စားရတာမို့ ချိုတယ်.....။

✰♪✰♪✰♪

တန်ဆောင်တိုင်ကျောင်းပိတ်ရက်ပြီးလို့ ပြန်ဖွင့်တဲ့နေ့ကစပြီး အလင်္ကာတို့လေးယောက်အုပ်စုနဲ့ တစေ၊ကင်းတို့နှစ်ယောက်က ထမင်းစားချိန်ဆို အတူတူထိုင်လေ့ရှိပြီး အလင်္ကာနဲ့တစေကတစ်တွဲ၊ ကင်းနဲ့တုံတုံနဲ့က တစ်တွဲ၊ သစ်ထင်နဲ့မိငယ်နဲ့ကတစ်တွဲဆိုပြီး ကျောင်းသားတွေရဲ့ ထင်ကြေးပေးမှုတွေကို ခံလိုက်ရသည်။
တကယ်က တစေ့ကို အလင်္ကာက အဖြေပြန်မပေးရသေးသလို တုံတုံ့ကိုလည်း ကင်းက ချစ်တယ်လို့ တစ်ခါမှ မပြောဖူးခဲ့။
အဲ့ထက်ပိုသေချာတာက မိငယ်ကလည်းသစ်ထင်ကို မကြိုက်သလို သစ်ထင်ကလည်း မိငယ်ကို မကြိုက်ချေ။
ကျောင်းသားတွေရဲ့ အတင်းအဖျင်းတွေကိုလည်း သူတို့ခြောက်ယောက်လုံး ခေါင်းထဲမထည့်ထားပါ။

ထိုအချိန်တိုလေးအတွင်းမှာ ဖြစ်ပျက်သွားတာတစ်ခုကတော့ ခန့်ပိုင်က Graceလင်းကို ဖွင့်ပြောလိုက်တာပါပဲ။
Graceဘက်က တိကျတဲ့အဖြေတစ်ခု ပြန်မပေးပေမယ့် ခန့်ပိုင်ကို ငြင်းမယ့်အရိပ်အယောင်လည်း မပြခဲ့ပါ။
ဒါပေမယ့် ကျောင်းသားတိုင်းကတော့ ခန့်ပိုင်နဲ့Graceကို လိုက်ဖတ်တဲ့ စုံတွဲအဖြစ်သတ်မှတ်ပြီးနေကြပြီဖြစ်သည်။

စာမေးပွဲရက်တွေက အရမ်းနီးကပ်လာတာအမျှ ပညာရေးဝန်ကြီးရဲ့ အသိပေးသတင်းစကားတွေကြောင့် 'ရှင်း ကိုယ်ပိုင်အထက်တန်းကျောင်း'က ဆရာမတွေလည်း ပျာယာခတ်နေကြပြီ။
သူတို့ရဲ့ကျောင်းသားတွေကိုလည်း အရင်ကထက်ပိုပြီး ဖိအားတွေ တောက်လျှောက်ပေးပြီး စာနဲ့မျက်နှာနဲ့မခွာရအောင် တွန်းနေကြသည်။
Christmasနဲ့ New yearတွေမှာ အိမ်ပြန်ခိုင်းဖို့နေနေသာသာ ပျော်ပွဲရွှင်ပွဲအဖြစ်တောင် ဘော်ဒါမှာ မလုပ်ပေးကြဘူး။
မြဲတစေလည်း စာတွေနဲ့နပန်းလုံးနေရ၍ ထိုကိစ္စတွေကို ခေါင်းထဲထည့်မနေနိုင်တော့ဘူး။
တစ်ခါတလေ သူ့ကောင်လေးကို စနောက်တာက လွဲရင် Flirtတာတွေတောင် သိပ်မရှိတော့သလောက်ဖြစ်သွားသည်။
အိမ်ကပို့ပေးတဲ့ အားရှိတဲ့အစားအစာတွေ ဆေးတွေကို သူ့ကောင်လေးကို အတင်းနင်းကန်ကျွေးပြီး သူကတော့ သာမန်ကာလျှံကာသာ စားသောက်ခြင်းပြုသည်။
အမှန်ဆို သူကအဲ့လိုတွေ လိုအပ်နေတာမှမဟုတ်တာ။
ကောင်လေးနဲ့ တစ်ခုတင်တည်း အိပ်ရတာကိုက သူ့အတွက် အားတွေပြည့်နေပြီပဲ။
အမှန်အတိုင်းပြောရမယ်ဆို သူတို့က ခုတင်နှစ်လုံးကို ဆက်ပြီး အတူအိပ်နေကြပြီဖြစ်သည်။ ခိခိ။

တစ္ဆေအလင်္ကာ/တစၧေအလကၤာ(Completed)Where stories live. Discover now