14

7.9K 781 12
                                    

(U)

Ep(14)Highlight~
အားလုံးနဲ့ဆို လူဆိုးကြီး။
ကာကာနဲ့ဆို ငပေါကြီး။

✰♪✰♪✰♪

ကျောင်းပြန်တက်ဖို့အချိန်က (၅)မိနစ်အလို.....။
ကျောင်းခန်းထဲကို မပြန်ကြသေးဘဲ
အပြင်မှာ ဘောလုံးကန် မုန့်စားလုပ်နေတဲ့
ကျောင်းသားတွေက အသင့်အတင့်ရှိနေသည်။
ဆူဆူညံညံနဲ့ ဆော့ကစားကျီစယ်နေတဲ့
ကျောင်းသားတွေကြားကနေ ဖြတ်လျှောက်သွားတဲ့
လူငယ်တစ်ယောက်က ကျောင်းသားလေးတစ်ယောက်ကို ကုန်းပိုးလို့.....။
ထုံးစံအတိုင်း တစေဆိုတာ လူတွေရဲ့ အာရုံစိုက်ခြင်းကိုခံရဖို့ မွေးဖွားလာတဲ့ လူတစ်ယောက်ပီပီ
အခုလည်း သူဖြတ်လျှောက်သွားရာ
လမ်းတစ်လျှောက်လုံး ကျောင်းသားတွေ အားလုံးရဲ့ ထူးဆန်းဖွယ်အကြည့်တွေကြားမှ
မော်ကြွားစွာ နေနေသည်။
ကျောင်းဆေးခန်းထဲကိုအရောက်မှာ
(၉)တန်းကျောင်းသူ Volunteerမလေးတွေက
ကျောင်းဆေးခန်းကို တစ်ခါမှမလာဖူးတဲ့
တစေ့ကို မျက်တောင်မခတ်နိုင်စွာ ကြောင်ငေးမိနေကြသည်။
ဒါကို သိတဲ့ တစေက ခြိမ်းခြောက်သလို လေသံကို သုံးပြီး
အမိန့်ထပေးလိုက်သည်။
"သူ့ခြေထောက်ကို သေချာကြည့်ပေး"

ကြောင်ငေးနေတဲ့ကောင်မလေးတွေ အားလုံး
ပျာပျာသလဲနဲ့ ဆေးအိတ်တွေယူ
ဆရာဝန်ကို ပြေးခေါ်ရင်း ယောက်ယက်တွေခတ်ကုန်ကြသည်။
သူတို့ထဲက ကောင်မလေးတစ်ယောက်က
အလင်္ကာ့ ခြေကျင်းဝတ်ကို လက်နဲ့စမ်းရင်း
ဘာဖြစ်လဲဆိုတာ ကြည့်ကြည့်နေသည်။
"ရိုးရိုးခြေခေါက်သွားရုံပဲမလား ဘာမှမဖြစ်ပါဘူး"

မိန်းကလေးက ပေါ့တန်တန်ပြောလိုက်တဲ့အတွက်
တစေ ဒေါသထွက်သွားရသည်။
သူ့မှာ မိုးပြိုမတတ်စိုးရိမ်နေရတာကို
ဒီဘာမဟုတ်တဲ့ Volunteerကောင်မလေးက
ဘာမှမဖြစ်ပါဘူးလို့ ပေါ့ပျက်ပျက်နိုင်စွာ
ပြောရဲသည်။
"မင်းက ဘာသိလို့လဲ အခုချက်ချင်းဆရာ့ကို သွားခေါ်ပေး"

"ဆရာက မအားဘူး အခုဆရာမကြီးနဲ့ ရုံးခန်းထဲမှာ
အစည်းအဝေးလုပ်နေရတယ်
ပြီးတော့ ညီမတို့ကို ဆရာက သေချာသင်ပေးထားပါတယ်
ဒီလို ထိခိုက်ရုံလောက်ကတော့
ညီမတို့ ကြည့်ပေးနိုင်ပါတယ်"
ကောင်မလေးက အသံတွေ ကတုန်ကယင်နဲ့
စကားကို အလောသုံးဆယ်ပြောမိလိုက်သည်။

တစ္ဆေအလင်္ကာ/တစၧေအလကၤာ(Completed)Donde viven las historias. Descúbrelo ahora