25

7.4K 681 63
                                    

(U)

Ep(25) Highlight~
မင်းရဲ့အရာအားလုံးကသာ ငါ့ရဲ့ရမ္မက်စိတ်တွေကို ဆုံးခန်းတိုင်စေခဲ့တယ်.....။

✰♪✰♪✰♪

ကျောင်းရဲ့အခန်းတိုင်းမှာကတော့ ထုံးစံအတိုင်း ကျောင်းသားအသံတွေနဲ့ ဆူညံပွက်လောရိုက်နေပြီး
အခန်းရှေ့ကနေ ကျောင်းသားဘုရင်နှစ်ပါးက ယှဥ်တွဲဖြတ်သန်းသွားချိန်မှာတော့ အားလုံးတိတ်ဆိတ်သွားကြတော့သည်။
ကင်းနဲ့တစေက ကျောင်းယူနီဖောင်းဖြစ်တဲ့ ရှပ်အဖြူကို ကော်လံအနီရောင်နဲ့ ကြော့မော့စွာဝတ်ဆင်ထားပြီး သူတို့ရဲ့ခြေတံအရှည်ကြီးတွေမှာ အနီရောင်ဘောင်းဘီအရှည်ကို တူညီစွာ ဝတ်ဆင်ထားကြသည်။

အခန်း(၂)ကကျောင်းသားတွေအားလုံး သူတို့နှစ်ယောက်ကို သဘောတကျနဲ့လိုက်ငေးကြချိန် အလင်္ကာတို့လေးယောက်သည်လည်း မသိမသာလေး ခေါင်ထောင်ပြီး ကြည့်မိကြသည်။
တုံတုံက ပျင်းရိပျင်းတွဲလေးနဲ့ လက်ဝါးပေါ်မှာမေးလေးထောက်ရင်း ပြောလိုက်သည်။
"သူတို့နှစ်ယောက်က ဘာလို့အဲ့လောက်တောင် ကြည့်ကောင်းနေရတာလဲ"
အဲ့နောက် မျက်ခုံးတို့ကို ပင့်လျက် အလင်္ကာ့ကို လှည့်မေးလိုက်သည်။
"ကင်းကတော့ တစေ့လို ကွေးမနေလောက်ပါဘူးနော်"

"ဘယ်သိမလဲ"
အလင်္ကာက သူစိတ်ထဲရှိတဲ့အတိုင်း ဘွင်းဘွင်းပဲ ထုတ်ပြောလိုက်တော့ တုံတုံ့မျက်နှာလေး အီးမှန်သွားရသည်။
အဲ့နောက် ဆက်ပြောသေးသည်။
"အင်းလေ လူတကာကို သေမတတ်ရိုက်နှပ် အနိုင်ကျင့်နေတဲ့ ကျောင်းတစ္ဆေကြီးတောင် ရုတ်တရက်ကြီး ကွေးသွားရသေးတာပဲ
ကင်းလိုလူအေးလေးက မကွေးနိုင်ဘူးလို့ ဘယ်သူကပြောနိုင်မှာလဲ"
တုံတုံတစ်ယောက် ပြောလည်းပြော သက်ပြင်းကလည်း တစ်ချချလုပ်နေသေးသည်။
မိငယ်ကလည်း တုံတုံ့ကို သေချာကြီးအကဲခတ်ကြည့်နေပြီးမှ သူသိချင်တာကို ကောက်မေးလိုက်သည်။
"နင် ကင်းကိုကြိုက်နေတာလား"

အဲ့လိုမေးတော့လည်း တုံတုံက ဝူးဝူးဝါးဝါးနဲ့ ဇွတ်အတင်းငြင်းပြန်သေးတာ။
မေးရင်လည်း ဝန်မခံ ပြီးရင်လည်း ကင်းအကြောင်းချည်းထိုင်ပြောနေတတ်တဲ့ တုံတုံကို အလင်္ကာတို့ သုံးယောက်လုံး လက်မြှောက်ထားကြပြီးဖြစ်သည်။

တစ္ဆေအလင်္ကာ/တစၧေအလကၤာ(Completed)Where stories live. Discover now