Ep(49)Highlight~
လုပ်မိတဲ့အမှားတိုင်းမှာ ဘာလို့လုပ်မိသလဲဆိုတဲ့ အကြောင်းတရားတွေရှိတယ်။
✰♪✰♪✰♪
(U)
သင်္ကြန်အတက်နေ့
သင်္ကြန်ရဲ့နောက်ဆုံးရက် ရောက်တိုင်း မိသားစုလိုက် စုံစုံညီညီ ဘုန်းကြီးကျောင်းသွားလေ့ရှိတဲ့ ဒေါ်ဝေနှင်းဆီတို့တွေ ဒီနေ့မနက်မှာ ပျာယာတွေခတ်ပြီး အလုပ်ရှုပ်နေကြသည်။
အလင်းရောင်တောင် မထွက်သေးတဲ့ မနက်(၅)နာရီကြီးမှာ
မိုင်ပေါင်းရာချီဝေးတဲ့ စံသာကို ကားမောင်းပြီးပြန်ရမည်။
ဒေါက် ဒေါက်...။
"ကာကာရေ မနိုးသေးဘူးလား ပြန်ဖို့အချိန်ကျနေပြီနော်"တစ်ညလုံး မြဲတစေရဲ့ လက်မောင်းတွေကြားမှာ
ရုန်းမထွက်နိုင်ဘဲ အိပ်မောကျနေတဲ့ အလင်္ကာက အပြင်က အမေဖြစ်သူရဲ့တံခါးခေါက်သံကို ကြားပြီး ဆတ်ခနဲ မျက်လုံးဖွင့်လိုက်မိသည်။
"တစေ...တစေ ထဦး မေမေလာနှိုးနေပြီ"အလင်္ကာ့စကားကို ကြားတာတောင် လွှတ်မပေးသေးတဲ့ တစေက ပိုပြီးတောင် တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သေးသည်။
"ဟေ့ကောင် ထစမ်းလို့ ငါတို့စံသာပြန်ရမှာ
နောက်ကျလိမ့်မယ်""ငါလိုက်ပို့မယ် မင်းနေခဲ့"
"ဟာ မရဘူး လွှတ်စမ်းပါဆို"
သူတို့စကားပြောနေလို့မဆုံးဘူး။ အပြင်က ဝေနှင်းဆီရဲ့ အသံကို ထပ်ကြားရပြန်သည်။
"ကာကာရေ မေမေတို့နောက်ကျနေပြီနော်
ထတော့လို့ဆို""ဟုတ်ဟုတ် အခုထပြီ မေမေ"
အပြင်က အမေကို ပြန်စကားပါးပြီး အနောက်ဘက်က ကပ်ပါးကောင်ကို ခွာဖို့ စီစဥ်ရပြန်သည်။
"ထတော့ တစေ ငါစိတ်ဆိုးလာပြီ
မင်းအဲ့လောက်ဖြစ်နေရင် ငါနဲ့စံသာကို ပြန်လိုက်ခဲ့"အဲ့လိုပြောတော့ တစေ့မျက်လုံးတွေ ပွင့်လာပြီး
ဖက်ထားတဲ့လက်တွေကို ဖြည်ကာ အလင်္ကာ့ကိုယ်ပေါ် အုပ်မိုးလိုက်သည်။
"မလိုက်နဲ့လို့ပြောရင်တောင် အတင်းလိုက်ခဲ့မယ့် မြဲတစေပါ
အခုမထခင်လေးတော့ ဝအောင်နမ်းပါရစေဦး"ပူပြင်းတဲ့နွေရာသီမှာ အေးမြတဲ့ Air-conအောက် ဖြူလွင့်တဲ့မွေ့ယာ ဝါကြင့်ကြင့်မီးရောင်နဲ့ ချစ်ရသူ အနမ်းတွေက သင်္ကြန်တွင်းမှာ ပွင့်တဲ့ ပိတောက်တွေလိုပဲ။
ရွှေရောင်ဝင်းပြီး ကျက်သရေရှိတယ်။ မွှေးပျံ့ပြီး ထုံသင်းတယ်။
ဆွဲမတ်ဖွယ်အတိပြီးပါတယ်။