(U)
/Os donationအတွက် ပါဝင်အားဖြည့်ထားတဲ့ ဝရီနဲ့မိငယ်တို့ရဲ့ ဇာတ်ကြောင်းလေးပါ/
တခြားအတွဲတွေလည်း ရေးဖြစ်ရင် တင်ပေးပါမယ်
Extraတော့ မမျှော်နဲ့ဦး😁Fic Name~ခရေတို့အား သက်သေတည်၍
လတန်ခူးအား ရည်စူးမည်။ခေတ်ရှေ့ပြေး မိသားစုတစ်ခုကနေ မွေးဖွားတဲ့ တစ်ဦးတည်းသော သမီးလေးရဲ့နာမည်က
Wry(ဝရိုင်)တဲ့...။
အရပ်ရှည်ပြီး ခန့်ညားတဲ့ ဖခင်ဖြစ်သူ အနောက်တိုင်းသားရဲ့ သွေးသားကြောင့် Wryဟာ ငယ်စဥ်ကတည်းက ကျမ်းမာလှပတဲ့ ခန္ဒာကိုယ်ကို ပိုင်ဆိုင်ထားသည်။
ညိုပြီးလဲ့နေတဲ့ မျက်လုံးအရောင်နဲ့ မေးစေ့ချွန်ပြီး မျက်နှာသွယ်တာကလွဲလျှင် မျက်ခုံးမွှေးထူထူနဲ့ နက်မှောင်တဲ့ ဆံပင်အရောင်တို့က အရှေ့တိုင်းသူ မိခင်၏ ပိုင်ဆိုင်မှုတို့ပဲဖြစ်သည်။
မွေးကတည်းက မြန်မာနိုင်ငံကို တစ်ခါမှ မရောက်ဖူးတဲ့ Wryက သူ့အဖေရှိရာ New Yorkမှာပဲ ပညာသင်ကြားသည်။
မြန်မာစာကို အထူးစိတ်ဝင်စားတဲ့အတွက်ကြောင့် နွေရာသီကျောင်းပိတ်ရက်တိုင်း တခြားကျောင်းစာတွေအပြင် မြန်မာစာကိုလည်း ထပ်မံလေ့လာသေးသည်။
မြန်မာလူမျိုးတွေက ဆံပင်အရှည်ကြီးကို မြတ်နိုးတယ်လို့ အမေဖြစ်သူဆီကနေ ကြားအပြီးမှာ သူ့ဆံပင်ကို တယုတယနဲ့ အရှည်ကြီးဖြစ်အောင်ထားလာသည်။တစ်ရက်....တစ်ရက်မှာပေါ့။
အမေ့ဘက်က အဘိုးအဘွားတွေက မြေးမကို တွေ့ချင်လှချည်ရဲ့ဆိုပြီး ပြောဖန်များလာတဲ့အခါမှာ Wryကလည်း မြန်မာနိုင်ငံကို သွားဖို့ အဖေဖြစ်သူဆီမှာ ခွင့်တောင်းသည်။
ကျောင်းပိတ်ရက်အတွင်းပါပဲဆိုပြီး ဂဂျီဂဂျောင်လုပ်လွန်းတဲ့ Wryကြောင့် သူ့အဖေမှာလည်း မတတ်သာစွာနဲ့ ခွင့်ပြုလိုက်ရသည်။
မကြာသေးခင်ကမှ (၁၃)နှစ်ပြည့်ထားတဲ့ Wryက အမှတ်တမဲ့ကြည့်ရင် (၁၆)နှစ် ပြည့်ပြီးသား မိန်းမပျိုလေးလိုပဲ။
မြန်မာပြည်က အဘိုးအဘွားတွေက ရှေးဘုရင်လက်ထက်က အမှုထမ်းမျိုးရိုးရဲ့ သားသမီးတွေဖြစ်တာကြောင့် တစ်မည်တစ်လုံးကို သိပ်တန်ဖိုးထားသည်။
Wryဆိုတဲ့ အဓိပ္ပါယ်က မြန်မာပြည်ရဲ့အဘိုးအဘွားတွေကို အနည်းနဲ့အများတွေ စိတ်ထဲ ခုလုခုလုဖြစ်နေစေမှာပဲ။
မျက်နှာ တည်ပြီး လေသံမာကျောလှတဲ့ မြေးမက ဒီWryဆိုတဲ့ နာမည်ကြောင့် ဒီလိုစရိုက်မျိုးဖြစ်နေတယ်လို့လည်း တွေးမိကြသည်။
ဒါကြောင့် သူတို့က နာမည်ပြောင်းပေးဖို့ကို ဆုံးဖြတ်လိုက်သည်။
ယောက္ခမတွေရဲ့ ရှေးရိုးစွဲအပြုအမူတွေနဲ့ သဟဇာတသိပ်မဖြစ်တဲ့ Wryအဖေက သဘောမတူချင်တာကြောင့် အဘိုးအဘွားတွေမှာ Wryဆိုတဲ့ နာမည်နဲ့ ဆင်တဲ့ 'ဝရီ'ဆိုပြီး ပြောင်းခေါ်ခဲ့ကြသည်။